ဝက်ဝံပေါက်ကလေးနဲ့ တူလွန်းလို့ဆိုပြီး လူချစ်လူခင်များနေတဲ့ ခွေးကလေး Bertie

[email protected] bertiebertthepom

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်သလို လူတွေအပေါ် သစ္စာအရှိဆုံးနဲ့ အခင်တွယ်တတ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သခင်အပေါ် အမြဲအရိပ်တကြည့်ကြည့်နဲ့ နေတတ်တဲ့ တိရစ္ဆာန်လေးတွေကလည်း ခွေးကလေးတွေပဲ ဖြစ်ပါတယ်။ အမှတိုင်းပြောရမယ်ဆိုရင်တော့ လူသားတွေအတွက် အကောင်းဆုံး အိမ်မွေးတိရစ္ဆာန်အဖော်မွန်ဟာ ခွေးကလေးတွေပါပဲ။ အခုပြောပြချင်တဲ့ ခွေးကလေးတစ်ကောင်ဆိုရင် မွေးကင်းစ ဝက်ဝံပေါက်ကလေးနဲ့တူလို့ ဆိုရှယ်မီဒီယာပေါ်မှာ လူချစ်လူခင် တော်တော်လေးကိုပေါများနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ခွေးကလေးကတော့ Bertie လို့ အမည်ရတဲ့ Pom အမျိုးအစား ခွေးကလေးတစ်ကောင် ဖြစ်ပါတယ်။ Bertie လေးရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့မျက်နှာလေးဟာ မွေးကင်းစ ဝက်ဝံလေးတစ်ကောင်နဲ့တူပြီး မျက်နှာလေးဟာ ပြည့်ပြည့်ဖောင်းဖောင်းကလေး ဖြစ်နေတာပါပဲ။ ဒါ့အပြင် သူ့ရဲ့ အရောင်တောက်နေတဲ့ အညိုရောင်မျက်လုံးကလေးနဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက တွေ့မြင်သူတိုင်းကို အသည်းယားစေပြီး မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ ပြည့်ဝတဲ့ ခွေးကလေးတစ်ကောင်ဆိုလည်း မမှားပါဘူး။

 

လက်ရှိမှာတော့ Bertie လေးကို Kathy Grayson လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးက PetFinder.com လို့ အမည်ရတဲ့ တိရစ္ဆာန်ဂေဟာကနေ ခေါ်ယူမွေးစားခဲ့တာ ဖြစ်ပါတယ်။ Bertie လေးဟာ ၅ လသားအရွယ်ကတည်းက တစ်ခြား Pond ခွေးကလေးတွေလို မဟုတ်ပဲ အကောင်းအရမ်းကြီးနေတာကြောင့် သခင်ဖြစ်သူက Oklahoma မြို့ရှိ တိရစ္ဆာန်ဂေဟာကို လာရောက်စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Bertie လေးကို Kathy လေးက ခေါ်ယူမွေးစားထားပြီး New York မြို့ရှိ Kathy ရဲ့ နေအိမ်မှာ အတူတူ နေထိုင်နေကြကြောင်း သိရပါတယ်။

READ
FA နဲ့ Single တွေအတွက် Valentine's Day မှာ အားကျမခံ စုံတွဲဓာတ်ပုံရိုက်နည်းများ

 

“Bertie ဟာ တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ Pom ခွေးကလေးတစ်ကောင်ပါ။ လူတော်တော်များများကတော့ Pom ခွေးကလေးတွေဆိုရင် သေးသေးလေးတွေပဲ မွေးချင်ကြပါတယ်။ Bertie ကတော့ အကောင်တော်တော်ထွားပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ သူ့ရဲ့မျက်နှာလေးဟာ မွေးကင်းစ ဝက်ဝံကောင်လေးတစ်ကောင်ရဲ့ မျက်နှာမျိုးနဲ့တူပြီး တော်တော်လေးချစ်ဖို့ကောင်းတာပါပဲ။ အခုတော့ Bertie ကို IG အကောင့်တစ်ခု ဖွင့်ထားပေးပြီး သူ့ရဲ့ပုံတွေကို နေ့တိုင်းတင်ပါတယ်။ အခုအချိန်အထိဆိုရင်တော့ Bertie လေးရဲ့ IG အကောင့်မှာ Follower စုစုပေါင်း 438k အထိရှိပါတယ်”လို့ Kathy က Bored Panda သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
မြင်လိုက်တာနဲ့ သဘောကျသွားစေမယ့် အထာကျကျတီထွင်မှုလေးများ

 

Pyi Hein Kyaw

SHARE