ဆရာဝန်ဖြစ်ဖို့ ချောလွန်းတယ်ဆိုပြီး ကိုယ့်ကိုကိုယ် အမွှန်းတင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ အမျိုးသမီး

[email protected] drculver

အမေရိကန်နိုင်ငံမှာရှိတဲ့ အမျိုးသမီးဆရာဝန်တစ်ယောက်ကတော့ အခုလက်ရှိ ဆိုရှယ်မီဒီယာမှာ တော်တော်လေး လူသိများနေပါတယ်။ အကြောင်းကတော့ သူမဟာ သူ့ဘာသာသူ ဓာတ်ပုံရိုက်ခဲ့ပြီး သူမရဲ့ IG မှာ တင်ခဲ့ပါတယ်။ ဒီအတိုင်း ကိုယ့် IG မှာ ကိုယ့်ဘာသာကိုယ်ဓာတ်ပုံတင်ရင် ပြသနာမရှိပေမယ့် သူမရေးခဲ့တဲ့ caption ကြောင့် လူတော်တော်များများရဲ့ trolling လုပ်ခြင်းကို ခံနေရပါတယ်။ သူမရေးခဲ့တဲ့ caption ကတော့ သူမဟာ ဆရာဝန်တစ်ယောက်ဖြစ်ဖို့အတွက် အရမ်းချောမောနေပြီး အမျိုးသမီးတွေအနေနဲ့ သူမကို inspire ဖြစ်သင့်ကြောင်း ရေးသားခဲ့တယ်လို့ au.news.yahoo.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Pretty women can be more than pretty faces….we can also be badass doctors ‍⚕️

A post shared by Medina Culver, DO (@drculver) on

သူမကတော့ အသက် ၃၂ နှစအရွယ်ရှိပြီဖြစ်တဲ့ Medina Culver လို့ အမည်ရတဲ့ ဆရာဝန်မတစ်ယောက်ပဲ ဖြစ်ပါတယ်။ Medina ဟာ သူမရဲ့ Instagram အကောင့်မှာ သူမရဲ့ selfie ဓာတ်ပုံတွေကိုသာ အများဆုံးတင်လေ့ရှိပြီး အဆိုပါ ပို့စ်တွေမှာ ရေးထားတဲ့ စာတွေကတော့ တော်တော်လေးကို ထူးဆန်းပါတယ်။ စာတော်တော်များများမှာ သူမဟာ ရုပ်ချောလွန်းလို့ ဆရာဝန်မဖြစ်သင့်ဘူးလို့ လူတော်တော်များများက မှတ်ချက်ပေးကြကြောင်း၊ သူမအနေနဲ့လည်း ဒါကို လက်ခံကြောင်း၊ အမျိုးသမီးထုကြီးအနေနဲ့ သူမလို လူမျိုးကို သေသေချာချာ အတုယူအားကျသင့်ကြောင်း အစရှိသဖြင့် စာတွေကို သူမပို့စ်မှာ တွေ့ရှိနိုင်ပါတယ်။ ဒီလိုရေးသားထားတာတွေကို လူတစ်ချို့က လက်ခံပေမယ့် လူအများစုပက လက်မခံပဲ သူမကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

READ
(၁၂)နှစ်ကြာပျောက်ဆုံးနေတဲ့လက်စွပ်ကို နှာချေရင်းအံ့အားသင့်ဖွယ်ပြန်တွေ့တဲ့မိန်းကလေး

 

“ကျွန်မကို လက်ရှိမှာ လူတော်တော်များများက troll နေကြတာ ကျွန်မသိပါတယ်။ သူတို့ကိုလည်း ကျွန်မခွင့်လွှတ်ပါတယ်။ သူတို့အနေနဲ့လည်း ကျွန်မကို လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိသလို ကျွန်မအနေနဲ့လည်း ကျွန်မရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ချင်တာ တင်ခွင့်ရှိပါတယ်။ ကျွန်မက ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အရမ်းချောနေတယ်ဆိုတဲ့ စကားကလည်း ကျွန်မ ပရိသတ်တွေ ပြောလွန်းလို့ ကျွန်မက ဟာသအနေနဲ့ ပို့စ်တင်ခဲ့တာပါ”လို့ Medina က ပြောကြားခဲ့ပါတယ်။

READ
Marlboro စီးကရက်ရဲ့ မူလကြော်ငြာမင်းသားကြီး အသက်(၉၀)မှာ ကွယ်လွန်

 

Pyi Hein Kyaw

SHARE