
လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့အချိန် ဖြစ်တာကြောင့် လူတိုင်းအားလုံးအိမ်မှာနေပြီး အိမ်အပြင်ကို သိပ်မထွက်ရဲတဲ့ အချိန်ပါပဲ။ အပြင်ကို မဖြစ်မနေထွက်ရရင်လည်း လူထူထပ်တဲ့နေရာတွေမှာ Social distancing လုပ်ပြီး Mask ကို လည်း အမြဲတပ်ထားရမှာပါ။ အားကစားပွဲတော်တော်များများလည်း စဖြစ်ခါစမှာ ကျင်းပခွင့်အကုန်ရပ်ဆိုင်ခဲ့ပြီး မကြာသေးခင်အချိန်မှာတော့ ဘောလုံးပွဲတွေဟာ ပရိသတ်မပါပဲ ကွင်းပိတ်ကျင်းပနေပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ဂျာမနီက ဘောလုံးကလပ်အသင်းတစ်သင်းဟာ Social distancing စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့တာကြောင့် ပြိုင်ဖက်အသင်းကို ၃၇ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အသင်းကတော့ ဂျာမနီနိုင်ငံရှိ 11th Tier မှာ ကစားနေတဲ့ SG Ripdorf/Molzen လို့ အမည်ရတဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ SG Ripdorf/Molzen အသင်းဟာ COVID 19 ကပ်ရောဂါတွေ ဖြစ်ပွားနေတာကြောင့် လက်ရှိအချိန်မှာ ဘောလုံးပွဲ ကျင်းပဖို့ကိစ္စကို တာဝန်ရှိသူတွေထံ တင်ပြခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။ ဒါ့ကြောင့် ပြီးခဲ့တဲ့ အပတ်က Holdenstedt FC နဲ့ ယှဉ်ပြိုင်ကစားတဲ့ ဘောလုံးပွဲမှာ Social distancing စည်းမျဉ်းစည်းကမ်းတွေကို ကျင့်သုံးပြီး ကစားခဲ့တာကြောင့် ပွဲအပြီးရလဒ်မှာ ၃၇ ဂိုး- ဂိုးမရှိနဲ့ Holdenstedt FC အသင်းကို ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့အသင်းက လက်ရှိအချိန်မှာ COVID 19 ကပ်ရောဂါအခြေအနေတွေ ဆိုးဝါးနေတာကြောင့် ပွဲကို ခေတ္တရပ်ဆိုင်းပေးဖို့ ဂျာမန်ဘောလုံးကော်မတီကို တင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ဘောလုံးပွဲမကန်ရင် ဒဏ်ကြေးပေးဆောင်ရမယ်လို့ ပြောပါတယ်။ ဒဏ်ကြေးကလည်း တော်တော်များတာတစ်ကြောင်း၊ လက်ရှိ COVID 19 ကာလကြောင့် ကျွန်တော်တို့အသင်းမှာ ငွေသိပ်မရှိတာကြောင့် မဖြစ်မနေကန်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းသားတွေဟာ Social distancing စည်းမျဉ်းတွေကို ကောင်းကောင်းအသုံးပြုခဲ့ပြီး ယှဉ်ပြိုင်ခဲ့တာကြောင့် အဆုံးသတ်မှာ ၃၇ ဂိုး-ဂိုးမရှိနဲ့ ပြိုင်ဖက်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်”လို့ SG Ripdorf/Molzen အသင်းရဲ့ နည်းပြဖြစ်သူ Florian Schierwater က ပြောကြားခဲ့ပါတယ်။
Zu erwähnen ist auch der gute Zusammenhalt, das die Mannschaft fast geschlossen zum Heimspiel von der ersten Herren des…
Posted by SG Ripdorf/Molzen II on Sunday, May 12, 2019
Pyi Hein Kyaw