
အိုစမာဘင်လာဒင်ဆိုတဲ့ နာမည်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း သိကြမှာပါပဲ။ ဘင်လာဒင်ဟာ တစ်ချိန်တုန်းက နာမည်ကြီး အကြမ်းဖက်သမားတစ်ယောက်ဖြစ်သလို လူပေါင်းများစွာရဲ့ အသက်ကို မရေတွက်နိုင်လောက်အောင် သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာကျော်အကြမ်းဖက်သမားကြီးတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း ပီရူးနိုင်ငံက ဘောလုံးကစားသမားတစ်ယောက်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးကို နာမည်ကြီးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ နာမည်အရင်းက အိုစမာဘင်လာဒင်ဖြစ်ကြောင်း Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အဆိုပါ အမျိုးသားကတော့ ပီရူးနိုင်ငံရှိ ဒုတိယ Peruvian Didvision ရှိ Union Comercio အသင်းမှာ ကစားနေတဲ့ အိုစမာဘင်လာဒင် အမည်ရ ဘောလုံးကစားသမားပဲ ဖြစ်ပါတယ်။ အဆိုပါ ဘောလုံးကစားသမားဟာ သူ့ရဲ့ ဘောလုံးဝတ်စုံအနောက်ဖက်ရှိ အိုစမာဆိုတဲ့ နာမည်ကြောင့် လူအများက သတိထားခဲ့မိာဖြစ်ပြီး စုံစမ်းကြည့်ရာမှ အဆိုပါ ဘောလုံးကစားသမားရဲ့ အမည်အရင်းဟာ အိုစမာဘင်လာဒင်ဖြစ်ကြောင်း သိရှိခဲ့ပြီး ဆိုရှယ်မီဒီယာမှာ နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ အဆိုပါ အမျိုးသားရဲ့ အိက်ုဖြစ်သူ နာမည်က ဆာဒမ်ဟူစိန် ဖြစ်နေတာပါပဲ။
“ဒီနာမည်က ကျွန်တော့်အဖေ ကိုယ်တိုင်ပေးခဲ့တာပါ။ World Trade Center ဘင်လာဒင်တိုက်တုန်းက ၁၁.၉.၂၀၀၁ ခုနှစ်မှာပါ။ ကျွန်တော့်ကို မွေးတာကတော့ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှာ ဖြစ်ပါတယ်။ အဖေပြောပြတာကတော့ အဲဒီအချိန်တုန်းက အိုစမာဘင်လာဒင်ကို သဘောကျလို့ ကျွန်တော့်နာမည်ကို အိုစမာဘင်လာဒင်လို့ အမည်ပေးခဲ့တာပါ။ တော်တော်လေးကို လွဲနေတဲ့ နာမည်မှန်း ကျွန်တော်လူမှန်းစသိတက်စ အရွယ်မှာမှ သိခဲ့ရတာပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော့်အကိုရဲ့ နာမည်ကလည်း ဆာဒမ်ဟူစိန်ပါပဲဗျာ။ ဒါတောင် ကျွန်တော့်ညီမက မိန်းကလေးဖြစ်လို့ တော်တော်ကံကောင်းသွားတာ။ သူသာယောကျာ်းလေးဆိုရင် George Bush ဆိုတဲ့ နာမည်ကို ပေးဖို့ စီစဉ်ထားတာဗျ”လို့ အိုစမာဘင်လာဒင်က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw