မောင်နှမတွေကိုအကြောင်းပြုပြီး Tiktok မှာ Follower (၃)သိန်းကျော်သွားခဲ့တဲ့ ကောင်မလေး

[email protected]

ဘယ်လို လူမှုကွန်ယက်မျိုးမှာမဆို follower ထောင်ချီရဖို့ဆိုတာတောင် မလွယ်ကူတဲ့ကိစ္စတစ်ခုပါ။ အခု Tiktok user တစ်ယောက်ကတော့ မောင်နှမတွေကို အကြောင်းပြုပြီး follower ပေါင်း ၄ သိန်းကျော်တောင် ရသွားခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Naomi Burtt ဆိုတဲ့ Tiktok user မလေးဟာ Tiktok ရိုက်ရင်း သူမမိသားစုတွေကိုပါ ရိုက်ပြခဲ့ပါတယ်။ စပြီး နာမည်ကြီးသွားခဲ့တဲ့ ဗီဒီယိုကတော့ မောင်နှမတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဒီဗီဒီယိုလေးပါ။ “meet my 11 sisters and 2 brothers all form the same two parents” ဆိုတဲ့ caption ကြောင့် ကြည့်ရှုသူပေါင်း အခုဆိုရင် 99k ကျော်နေခဲ့ပါပြီ။

 

@naomiburttmeet my 11 sisters and 2 brothers all from the same two parents ##bigfamily ##makemefamous ##fyp♬ Electric Feel – MGMT

Naomi ရဲ့ မောင်နှမတွေကတော့ အစ်မ ၁၁ ယောက်နဲ့ အစ်ကို ၂ ယောက် စုစုပေါင်း ၁၃ ယောက်ပါ။ အကုန်လုံး တစ်မိဘထဲက မွေးတာတဲ့။ Naomi ကတော့ မောင်နှမတွေထဲ အငယ်ဆုံးဖြစ်ပါတယ်။ ဒီတင်မကသေးဘဲ Naomi ရဲ့ အစ်မတွေဟာ အိမ်ထောင်ကျပြီး ကလေးတွေလည်း ရှိနေပြီဖြစ်တဲ့အတွက် စုစုပေါင်း မိသားစုဝင်ဟာ ၄၇ ယောက်တောင် ဖြစ်သွားခဲပါပြီတဲ့။

READ
လုံခြုံရေးကင်မရာလေးတွေအလား မျက်နှာကြက်ပေါ်က ကြောင်လေးများ
[email protected]

လူတွေတော်တော်များများက Naomi ရဲ့ ပထမဆုံး ဗီဒီယိုကို ကြည့်ပြီး မောင်နှမတွေအကြောင်း ရှင်းပြခိုင်းတဲ့အတွက် Naomi ဟာ ဗီဒီယိုထပ်တင်ပြီး ရှင်းပြခဲ့ပါသေးတယ်။ အဲဒီဗီဒီယိုကတော့ viewer ပေါင်း ၂၄ သန်းတောင် ရှိသွားခဲ့ပါတယ်။ နောက် follower လည်း တစ်ပတ်အတွင်း ၃သိန်းတောင် တက်ခဲ့တာပါ။

 

@naomiburttlike for part 2 to see how many nieces and nephews I have ##bigfamily ##greenscreen ##fyp ##foryoupage♬ Funky Town – The Dance Queen Group

လူတွေတော်တော်များများက Naomi ကို ဘယ်လိုမှမခံစားရဘူးလားလို့မေးတဲ့အခါမှာ Naomi အတွက် ဒီလို မိသားစုကြီးရှိနေတာ သူမအတွက်တော့ ပုံမှန်လိုပဲဖြစ်နေတဲ့အတွက် ဘာမှ ထွေထွေထူးထူးမခံစားရဘူးလို့ပဲ ပြောခဲ့ပါတယ်။

READ
ဝက်ဝံပေါက်ကလေးနဲ့ တူလွန်းလို့ဆိုပြီး လူချစ်လူခင်များနေတဲ့ ခွေးကလေး Bertie

Pyi Hein Kyaw

SHARE