နှလုံးခုန်သံတွေကို အချိန်ပြည့်ကြားနေရတယ်ဆိုတဲ့ အမျိုးသမီး

[email protected]

လူတစ်ယောက်ဟာ ကိုယ့်နှလုံးခုန်သံကို ကိုယ့်ဘာသာကိုယ် ပြန်ကြားတတ်ပါတယ်။ ဥပမာ- အပြေးပြိုင်ပွဲပြီးတဲ့အချိန်၊ ဘောလုံးကန်ပြီးနားနေတဲ့အချိန် အစရှိတဲ့အချိန်တွေမှာ မောပန်းလွန်းလို့ ကိုယ့်နှလုံးခုန်သံကို ကိုယ့်ဘာသာ ပြန်ကြားနေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့မျက်လုံးနှစ်လုံးရွေ့တဲ့အသံကိုတော့ ဘယ်သူမှ ကြားဖူးမယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုအသံဟာ အရမ်းတိုးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သြစတြေးလျနိုင်ငံက အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့ နှလုံးခုန်သံသာမက မျက်လုံးနှစ်လုံးရွေ့တဲ့ အသံတွေကိုပါ အချိန်ပြည့်ကြားနေရကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-ThomasWolter

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Tenika Nicotra လို့ အမည်ရတဲ့ အမျိုးသမီးဟာ လက်သည်းပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Tenika ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းကစပြီး သူမရဲ့နားထဲကနေ အသံတွေကို ကြားနေရတာ သတိထားမိလာပါတယ်။ အစပိုင်းမှာတော့ နှလုံးခုန်သံကိုပဲ ကြားနေရပေမယ့် ပုံမှန်ဖြစ်နေကြပဲထင်ပြီး အမှုမဲ့အမှတ်နမဲ့ပဲ နေနေခဲ့ပါတယ်။ ဒါပေယ့် နောက်ပိုင်းမှာတော့ မျက်လုံရွေ့လိုက်တိုင်း အသံတွေကိုပါ နားထဲကတိုက်ရိုက်ကြားနေရတာကို သတိထားမိလာခဲ့ပါတယ်။

View this post on Instagram

A post shared by T☕️ (@tenikanicotra) on

ဒီလိုနဲ့ Tenika တစ်ယောက်ကြောက်လန့်ပြီး ဆရာဝန်တွေနဲ့ ပြခဲ့ပေမယ့် သာမန်ဖြစ်စဉ်တစ်ခုလို့ပဲ ဆရာဝန်တော်တော်များများက မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရောဂါအကြောင်းကို ပြောနိုင်တဲ့ ဆရာဝန်တစ်ယောက် ရှိလာခဲ့ပါတယ်။ အဆိုပါ ဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင်တော့ Tenika ခံစားနေရတဲ့ SCDS(Superior Canal Dehiscene Syndrone) လို့ခေါ်တဲ့ ဝေဒနာတစ်မျိုးပါပဲ။ နားထဲမှာရှိတဲ့ အရိုးပေါ်က အကြောလေးတစ်ခုထုံးသွားတာကြောင့် အခုလို ကိုယ်တွင်းအင်္ဂါလှုပ်ရှားမှုအသံတွေကို ပြန်ကြားနေရတာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Wishing I could relive this perfect day

A post shared by T☕️ (@tenikanicotra) on

“ဒီဝေဒနာကတော့ ခံစားဖူးမှ သိမှာပါ။ တော်တော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ ညညဆိုလဲ တော်ရုံနဲ့ အိပ်မပျော်ပါဘူး။ အဆိုးဆုံးက မျက်လုံးရွေ့တိုင်း ကြားနေရတဲ့အသံပဲ။ ဂေါ်လီလုံးကို သစ်သားကြမ်းပြင်ပေါ်မှာ လှိမ့်လိုက်တဲ့ အသံမျိုးလိုပဲ။ လူက စိတ်ဓာတ်တွေပါကျပါတယ်။ ဆရာဝန်ပြောတာကတော့ ဦးနှောက်အတွင်း ခွဲစိတ်မှုလုပ်မှ သက်သာမယ်ပြောတယ်။ ဒါကတော့ စဉ်းစားရပါအုံးမယ်” လို့ Tenika က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE