ရေကူးကန်ရှိတဲ့အိမ်တစ်အိမ်မှာ Pool Party ပေးပြီးသောင်းကျန်းနေတဲ့မျောက်အုပ်စု

[email protected]

အခုအချိန်မှာတော့ COVID 19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတော်တော်များများဟာ အိမ်ထဲမှာပဲနေနေကြပါတယ်။ လူတွေဟာရောဂါကူးစက်မှာ ကြောက်တာကြောင့် အိမ်ထဲက အိမ်အပြင်မထွက်ကြသလို တစ်ချို့တောအုပ်နဲ့နီးတဲ့ မြို့တွေမှာတော့ တောတွင်းတိရစ္ဆာန်တွေဟာ မြို့ထဲကို ဝင်လာကြပြီး လမ်းမပေါ်မှာ လျှောက်သွားနေကြတာပဲ ဖြစ်ပါတယ်။

 

အခုလည်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရဲ့ နေအိမ်တစ်ခုမှာ မျောက်တွေ ဟာ ခြံထဲဝင်လာပြီး ရေကူးကန်မှာ သောင်းကျန်းနေကြကြောင်း Storypick သတင်းဌာနရဲက ဖော်ပြချက်အရ သိရှိရပါတယ်။ ဘယ်လိုတောင်ကဲနေကြသလဲဆိုတာကိုတော့ အောက်က ဗီဒီယိုဖိုင်ကိုသာ ကြည့်ကြည့်လိုက်ပါ။

READ
ကလေးထိန်းဖခင်များနှင့် သားသားမီးမီးတို့၏ပျော်စရာဓာတ်ပုံများ

မျောက်အကောင်ရေ ၂၀ ထက်မနည်းတဲ့ မျောက်အုပ်တစ်ခုဟာ ဘယ်ကနေဘယ်လို ခြံထဲကိုေ၇ာက်လာမှန်းမသိပဲ ရေကူးကန်မှာ အေယ်ဟစ်မြူးတူးစွာ ရေဆော့ကစားနေကြတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ကို တင်ထားတဲ့ အိန္ဒိယရုပ်ရှင်မင်းသမီး Tisca Chopra ကတော့ “မျောက်တွေဟာ ရေကူးကန်ကို တော်တော်သဘောကျနေတဲ့ပုံပဲ။ ဒီလိုအခွင့်အရေးရဖို့ ဘယ်လောက်တောင်စောင့်ခဲ့ရလဲ မသိဘူး” လို့ သူတင်တဲ့ ပို့စ်ရဲ့ Caption မှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒီဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့အချိန်မှာတော့ Like လုပ်သူ 20k ကျော်ရှိခဲ့ပြီး လူအများအပြားကလည်း share ခဲ့ကြောင်း သိရပါတယ်။ လူတော်တော်များများကတော့ “ တော်တော်ရေကူးကျွမ်းတဲ့ကောင်တွေပဲ” “ဒိုင်ဗင်ထိုးတဲ့နေရာမှတော့ လုံးဝပြိုင်စံရှားပဲ” “တော်တော်ချစ်ဖို့ကောင်းတဲ့ကောင်လေးတွေပဲ” အစရှိသဖြင့် မှတ်ချက်များစွာ ပေးခဲ့ကြောင်း သိရပါတယ်။

READ
မျက်စိလျင်သူတွေပဲ ရှာတွေ့နိုင်မယ့် ဓာတ်ပုံထဲက ပုန်းနေတဲ့မြွေ

Pyi Hein Kyaw

SHARE