Samsung Galaxy S8 ရဲ့ မျက်ဝန်း Scanner ဟာ သာမန် လက်ဗွေရာစနစ် Scanner လုံခြုံရေး စနစ်ထက်ပိုမို အဆင့်မြင့်အောင်တည်ဆောက်ထားတာဖြစ်ပေမဲ့ ဟက်ကာတစ်ယောက်ကတော့ နည်းပညာ ပစ္စည်းများစွာကို အသုံးမပြုပဲ Galaxy S8’s Iris Scanner ကိုကျော်ပြီး ဖောက်ထွင်းဝင်ရောက်ပြခဲ့ပါတယ်။
white hat hacker တစ်ဦးဖြစ်တဲ့ ဂျန် ခရစ်စလာ ဟာ Starbug online website မှာ Samsung Galaxy S8 ရဲ့ Iris Scanner လုံခြုံရေး နည်းပညာကို နည်းပညာမြင့် Hecking ပစ္စည်းတွေ မသုံးဘဲ Camera တစ်လုံးနဲ့ မျက်ကပ်မှန် တစ်ခုနဲ့သာ ဖောက်ထွင်းပြခဲ့တာဖြစ်ပါတယ်။
ဒီရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှာ ဆိုရင် ဂျန် ခရစ်စလာ ဟာ စမတ်ဖုန်းပိုင်ရှင်ရဲ့ မျက်နှာကို ဈေးကွက်ထဲမှာ အလွယ်တကူ ၀ယ်ယူလို့ရတဲ့ Camera ကို အသုံးပြုပြီး အနီအောက်ရောင်ခြည် ဓာတ်ပုံတစ်ပုံကို night mode on Feature သုံးပြီး ရိုက်ကူးခဲ့ပါတယ်။ထိုနောက်မှာဂျန် ခရစ်စလာ ဟာဓာတ်ပုံကို Print ထုတ်ပြီး ထိုဓာတ်ပုံရဲ့ သူငယ်အိမ်ပေါ်မှာ မျက်ကပ်မှန်တစ်ခုကို တင်ထားခဲ့ပါတယ်။ထိုနောက် Samsung Galaxy S8 ရဲ့ Iris Scanner လုံခြုံရေး နည်းပညာကို လူတိုင်းအလွယ်တကူပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက် လေးတစ်ခုနဲ့ပဲ ဖောက်ထွင်းပြခဲ့တာ ဖြစ်ပါတယ်။
ဂျန် ခရစ်စလာ ဟာ ၂၀၁၃ ခုနှစ်ကလည်း Apple TouchID sensors ကို ဖောက်ထွင်းပြခဲ့သူတစ်ဦးဖြစ်ပြီး ဂျာမနီ ကာကွယ်ရေးဝန်ကြီးဖြစ်သူ အာဆူလာ ဗွန်ဒါလီယန်(Ursula von der Leyen) ရဲ့ လက်ဗွေကို အတု ပြုလုပ်ပြခဲ့ပြီးနောက်မှာ ထင်ရှားလာခဲ့တဲ့ white hat hacker တစ်ဦးလည်း ဖြစ်ပါတယ်။
Arkar Hein (Shwemom)
Ref : India Times