အခက်အခဲတွေ ရှိနေတာတောင် အကွက်ဆန်းသုံးပြီး ကောင်မလေးနဲ့ ဒိတ်ခဲ့တဲ့ အမျိုးသား

[email protected]_cohen

လွန်ခဲ့တဲ့ ရက်ပိုင်းက Drone သုံးပြီး အိမ်နီးချင်းကောင်မလေးတစ်ယောက်ဆီက ဖုန်းနံပါတ်ရအောင် တောင်းခဲ့တဲ့အမျိုးသားကို မှတ်မိကြအုံးမယ်လို့ ထင်ပါတယ်။ COVID 19 ရောဂါဖြစ်နေတဲ့အချိန်မှာ လူတိုင်းနီးပါးက အိမ်ထဲမှာနေကြတာ များပါတယ်။ ဒါပေမယ့် အခုလိုအချိန်မှာတောင် အဲဒီအမျိုးသားကတော့ ကောင်မလေးကို အပြင်မှာရအောင်ချိန်းတွေ့ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Jeremy Cohen လို့ အမည်ရတဲ့ အဆိုပါအမျိုးသားဟာ ကောင်မလေးဆီက ဖုန်းနံပါတ်ရပြီးနောက်ပိုင်းမှာ အဲဒီကောင်မလေးနဲ့ အပြင်မှာတွေ့ပြီး ဒိတ်ချင်နေပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်မှန်း Cohen တစ်ယောက်သိပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ကောင်မလေးကိုတွေ့ဖို့နည်းလမ်းကို Cohen တစ်ယောက် ရရှိခဲ့ပါတယ်။ အဲဒီနည်းလမ်းကတော့ လေဘောလုံးကြီးတစ်ခုကို လေအပြည့်ဖြည့်ပြီး Cohen က အဲဒီလေဘောလုံးကြီးထဲမှာနေရင်း ကောင်မလေးကို သွားတွေ့မှာပဲ ဖြစ်ပါတယ်။

READ
ခရစ္စမတ်သစ်ပင်ပေါ်မှာ fairy လေးအလားတွေ့မြင်ရတဲ့ ချစ်စဖွယ် ကိုအာလာလေး

 

ဒီလိုနဲ့ ကောင်မလေးကိုသွားတွေ့တဲ့အချိန် Cohen ရဲ့ အဖြစ်ကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ ကောင်မလေးခမျာမှာတော့ တော်တော်ကို အံ့သြသင့်သွားသလို Cohen ရဲ့ စဉ်းစားနိုင်စွမ်းကို တော်တော်လည်း အထင်ကြီးသွားပုံ ရပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားဟာ တစ်ယောက်နဲ့တစ်ယောက် မထိဘဲ စကားစမြည်ပြောရင်း မြို့ထဲမှာ လမ်းပတ်လျှောက်လိုက်ကြပါသေးတယ်။ ဒီလိုနဲ့ လမ်းလျှောက်နေတုန်း ရဲတပ်ဖွဲ့တွေနဲ့ တွေ့တဲ့အချိန်မှာတောင် ရဲတကပ်ဖွဲ့တွေက သူတို့နှစ်ယောက်ကို စစ်လားဆေးလားလုပ်ခဲ့ပါသေးတယ်။ အကြောင်းစုံကို သိသွားတဲ့အချိန်မှာတော့ ရဲတပ်ဖွဲ့တွေက ရယ်ကာမောကာနဲ့ Cohen နဲ့ selfie တာင်ဆွဲခဲ့ပါသေးတယ်။

READ
ဆေးထိုးကျွမ်းကြတဲ့ ဖိုတိုရှော့အကျော်အမော်ကြီးတွေရဲ့ ဟာသလက်ရာများ

Pyi Hein Kyaw

SHARE