မီးသေနတ်ကြီးသုံးပြီး အိမ်ရှေ့မှာ ပိတ်နေတဲ့ နှင်းတွေကို ရှင်းခဲ့တဲ့ အမျိုးသား

[email protected] Browning

လက်ရှိအချိန်ဟာ ဒီဇင်ဘာလဖြစ်တာကြောင့် မြူနှင်းတွေ ထူထပ်စွာကျဆင်းတဲ့ လတစ်လဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့နိုင်ငံမှာတော့ ဆီးနှင်းတွေရဲ့ ဒဏ်ကို မခံရပေမယ့် အနောက်နိုင်ငံတွေမှာဆိုရင်တော့ တော်တော်လေးကို အလုပ်ရှုပ်တဲ့ လတစ်လပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဇင်ဘာလဟာ အနောက်နိုင်ငံတော်တော်များများမှာ ဆီးနှင်းထူထပ်စွာ အကျဆုံးလတစ်လ ဖြစ်တာကြောင့်ပါပဲ။ နှင်းတွေတောက်လျှောက်ကျဆင်းနေတာကြောင့် နေရာတော်တော်များများမှာ ဆီးနှင်းတွေကြောင့် လမ်းတွေပိတ်ရတဲ့အပြင် အိမ်ရှေ့တွေ၊ အိမ်ခေါင်မိုးတွေမှာ ထူထပ်စွာရှိနေတဲ့ ဆီးနှင်းထုကြီးကို ရှင်းလင်းရတာ မလွယ်ကူပါဘူး။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ သူ့ရဲ့ အိမ်ရှေ့မှာ ပိတ်နေတဲ့ ဆီးနှင်းထုကြီးကို အမိုက်စားနည်းလမ်းတစ်ခုသုံးပြီး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

 

လူတောတော်များများ တွေ့မြင်ဖူးတဲ့ နှင်းရှင်းနည်းကတော့ ဂေါ်ပြားတွေကိုသုံးပြီး ကိုယ့်ရဲ့အိမ်ရှ့က ဆီးနှင်းထုကြီးကို ရှင်းလင်းတာပဲ ဖြစ်ပါတယ်။ အပေါ်က ဗီဒီယိုမှာ တွေ့မြင်ရတဲ့ အမျိုးသားကတော့ အမေရိကန်နိုင်ငံရှိ Timothy Browning လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Timothy ဟာ သူ့ရဲ့ နေအိမ်ရှေ့မှာ ပိတ်မိနေတဲ့ ဆီးနှင်းထုကြီးကို မီးသေနတ်တစ်ခုသုံးပြီး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ ပြင်းထန်လှတဲ့ မီးအပူချိန်ကြောင့် ဆီးနှင်းတွေဟာ တစ်ခဏအတွင်း အရည်ပျော်သွားပြီး လမ်းရှင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကိုတော့ Timothy ရဲ့ အိမ်နီးချင်းတစ်ယောက်ဖြစ်သူ Jordan Micheal ကတွေ့ပြီး သူ့ရဲ့ Facebook မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

READ
အခန်းထဲက ကူရှင်ပေါ်မှာ သုံးပွင့်ဆိုင်ပြိုင်အိပ်နေကြတဲ့ သတ္တဝါလေး (၃) ကောင်

အဆိုပါ ဗီဒီယိုကို ကြည့်ပြီးတဲ့ လူတော်တော်များများကတော့ Timothy ရဲ့ လုပ်ရပ်ကို တော်တော်လေးဥာဏ်ကောင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် မှတ်ချက်ပေးခဲ့ပါတယ်။ တစ်ချို့ကျတော့လည်း သူတို့ရဲ့ အိမ်အရှေ့မှာ ပိတ်နေတဲ့ ဆီးနှင်းတွေကို Timothy ရဲ့ ပုံစံအတိုင်း ရှင်းလင်းတော့မည်ဖြစ်ကြောင်း comment ပေးခဲ့သလို့ တစ်ချို့ကျပြန်တော့လည်း အခန့်မသင့်ရင် မီးလောင်နိုင်ကြောင်း၊ Timothy အနေနဲ့ ဂရုစိုက်သင့်ကြောင်း မှတ်ချက်အသီးသီး ပေးခဲ့ကြတယ်လို့ Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pyi Hein Kyaw

SHARE