သတိကောင်းလွန်းလို့ မိကျောင်းစာ မဖြစ်ပဲ အသက်ဘေးက လွတ်ခဲ့ရတဲ့ အမျိုးသား

သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။ အရာရာကို သတိထားတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ သတိတစ်ချက်လွတ်သွားတဲ့ အနောက်မှာ အသက်အန္တရာယ်ဆုံးရှုံးခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ပေးဆပ်လိုက်ရတဲ့ အသက်တွေ မရေတွက်နိုင်လောက်အောင်ပါပဲ။ အခုလည်း အမျိုးသားတစ်ယောက်ဟာ မြစ်ထဲမှာ တစ်ယောက်တည်း Kayak လှေစီးနေတုန်း မိကျောင်းတစ်ကောင်ရဲ့ တိုက်ခိုကမှုကို ရုတ်တရက်ခံခဲ့ရသော်လည်း သတိကောင်းတာကြောင့် သေဘေးမှ လက်မတင်လေးလွတ်မြောက်ခဲ့ရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Alligator Charging Kayak 7 12 20

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက Peter Joyce လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ပိတ်ရက်မှာ အမေရိကန်နိုင်ငံ၊ North Carolina ပြည်နယ်ရှိ Waccamaw မြစ်ကြောင်းထဲမှာ Kayak လှေလှော်ထွက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ Peter ဟာ သာယာလှတဲ့ သဘာဝပတ်ဝန်ကျင်ကြီးကြောင့် တော်တော်လေးကို ပျော်ပြီး သီချင်းလေးတောင် ညဉ်းနေလိုက်ပါသေးတယ်။ ဒီလိုနဲ့ Peter ဟာ မြစ်ကြောင်းတစ်နေရာအရောက်မှာတော့ လှေရဲ့ အရှေ့ဘယ်ဘက်အခြမ်းကနေ ရေပွက်သံတစ်ခုကို အမှတ်မထင်ကြားလိုက်ရပါတယ်။ ဒါပေမယ့် Peter ဟာ ငါးတစ်ကောင် ပွက်သံပဲထင်ပြိး လှေကို ဆက်လှော်နေခဲ့ပါတယ်။

READ
ဆံသဆရာနှစ်ဦးမှာ ပိုးရှိခဲ့ပေမယ့် သူတို့နဲ့ ထိတွေ့ခဲ့တဲ့ ဧည့်သည်(၁၄၀)ကို ပိုးရှိ၊မရှိ စစ်ကြည့်ရာ..
Youtube-Alligator Charging Kayak 7 12 20

သို့သော်လည်း Peter သတိထားခဲ့ပါတယ်။ ဒီလိုနဲ့ ဖြေးဖြေးလေးလှော်နေရင်းနဲ့ သူ့အနားမှာ သတ္တဝါတစ်ကောင်ကောင် ရှိနေသလို စိတ်ခံစားချက်ရခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လှေကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လှေရဲ့ ဘယ်ဘက်အခြမ်းကနေ မိကျောင်းကြီးတစ်ကောင် ရုတ်တရက်ပေါ်လာခဲ့ပြီး လှေကိုမှောက်အောင် ဝင်တိုက်ခဲ့ပါတယ်။ ဒါပေမယ့် Peter ဟာ သတိအနေအထားနဲ့ ရှိနေတာကြောင့် လှေမမှောက်ခဲ့ပါဘူး။

“ကျိန်းသေတာကတော့ ကျွန်တော် ဒီအတိုင်းဆက်လှော်နေရင် မိကျောင်းလှမ်းတိုက်လိုက်တဲ့ အရှိန်နဲ့ မှောက်မှာ ကျိန်းသေပါတယ်။ တော်တော်လေးကို လန့်သွားတယ်။ မိကျောင်းခေါင်းကြီး ပေါ်လာကတည်းက ငါတော့ သေပြီလို့ စိတ်ထဲမှာ တွေးလိုက်သေးတယ်။ သတိကောင်းလို့ လှေမမှောက်ခဲ့တာပါ။ နောက်တစ်ခုမေ့သွားတာက ဒီအချိန်က မိကျောင်းရာသီဆိုတာကိုပါပဲ။ တော်တော်မမေ့နိုင်စရာ အဖြစ်အပျက်ပါပဲ” လို့ Peter က ပြောကြားခဲ့ပါတယ်။

READ
လေဆိပ်လုံခြုံရေးတွေက အင်္ကျီချွတ်ပစ်ဖို့ ဖိအားပေးခံခဲ့ရတဲ့ ကျောင်းသားလေး

Pyi Hein Kyaw

SHARE