(၃၇)နှစ်ကြာ မှားယွင်းစွာ ထောင်ချခံခဲ့ရတဲ့ America’s Got Talent ပြိုင်ပွဲဝင် အမျိုးသား

Youtube-Youtube-Wrongly Incarcerated Singer Archie Williams Delivers Unforgettable Song - America's Got Talent 2020

ထောင်ဆိုတဲ့နေရာကတော့ လူဆိုးလူမိုက်တွေအတွက် အပြစ်ပေးဖို့နဲ့ သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် နောင်တရအောင် စဉ်းစားသုံးသပ်နိုင်မယ့် နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုနေရာမျိုးကို အပြစ်မရှိတဲ့ လူတွေရောက်သွားခဲ့ရင်ရော နေချင်ပါ့မလား။ ထောင်အများစုဟာ လူ့အခွင့်အရေးအပြည့်အဝမရရှိနိုင်တဲ့ နေရာတွေပါပဲ။ အဲဒီလို နေရာမျိုးမှာ အပြစ်မရှိတဲ့ လူသားတစ်ယောက်ဟာ သွားနေဖို့ ထိုက်တန်ရဲ့လား။ ဒါပေမယ့် Archie Williams လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ကတော့ နေခဲ့ရပါတယ်။ ၁ လ ၂ လ မဟုတ်ပါဘူး။ ၃၇ နှစ်ကျော်နေခဲ့ရတာပါ။

Youtube-Youtube-Wrongly Incarcerated Singer Archie Williams Delivers Unforgettable Song – America’s Got Talent 2020

America’s Got Talent ပြိုင်ပွဲ season အသစ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Archie ဟာ စင်ပေါ်တက်လာတဲ့အချိန် အရင်ကဘာလုပ်လဲဆိုတဲ့ Simon မေးလိုက်တဲ့ မေးခွန်းအပေါ်မှာ Archie “ ကျွန်တော်ဘာမှမလုပ်ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ၃၇ နှစ်ကြာအောင် ထောင်မှားယွင်းချခံခဲ့ရလို့ပါပဲ။ အဲဒီလို ၃၇ နှစ်ကြာအောင် မှားယွင်းထောင်ချခဲ့တဲ့ အမှုကလည်း မုဒိန်းမှုပါပဲ” လို့ ပြန်ဖြေခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ရထားတိမ်းမှောက်မှုကြောင့် အင်္ဂလန်တွင် (၇)ဦး သေဆုံးပြီး (၅၁)ဦး ဒဏ်ရာရ
Youtube-Wrongly Incarcerated Singer Archie Williams Delivers Unforgettable Song – America’s Got Talent 2020

လွန်ခဲ့တဲ့ ၁၉၈၂ ခုနှစ်တုန်းက Louisiana ပြည်နယ်၊ Baton Rouge မြို့မှာ အမျိုးသမီးတစ်ယောက် မုဒိန်းအကျင့်ခံခဲ့ရပါတယ်။ ပြီးတော့ အဲဒီမုဒိန်းအကျင့်ခံခဲ့ရတဲ့ အမျိုးသမီးဟာ Archie ကိုပဲ အလွယ်တကူ လက်ညိုးထိုးခဲ့ပြီး မုဒိန်းကောင်အဖြစ် စွပ်စွဲခဲ့ပါတယ်။ အဲဒီခေတ်တုန်းက လက်ဗွေရာတိုက်စစ်တဲ့ နည်းပညာတွေ မဖွံဖြိုးသေးတာကြောင့် ရဲတွေဟာ နောက်ခံအင်အားမရှိတဲ့ Archie ကိုပဲ အလွယ်တကူဖမ်းဆီးခဲ့ပြီး တရားစွဲခဲ့ပါတယ်။ တရားရုံးရောက်တော့လည်း Archie က သူဘာမှမလုပ်တဲ့အေကြောင်း ပြောနေသော်လည်း သက်သေအထောက်အထားဘာမှ မခိုင်လုံပဲနဲ့ မုဒိန်းအကျင့်ခံခဲ့ရတဲ့ အမျိုးသမီးစကားပေါ်မှာပဲ ယုံကြည်ပြီး Archie ကို မုဒိန်းကျင့်မှု၊ အဆိုပါအမျိုးသမီးအား သတ်ရန်ကြိုးပမ်းမှုတို့နဲ့ တစ်သက်တစ်ကျွန်း အမိန့်ချခဲ့ပါတယ်။

“ထောင်ထဲမှာ နေနေရတဲ့ ကာလတစ်လျှောက်လုံး တစ်နေ့နေ့တစ်ချိန်မှာ အမှန်တရားပေါ်ပေါက်လာမယ်ဆိုတာ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် အမှန်တရားက နည်းနည်းနောက်ကျသွားပုံပါပဲ။ ၃၇ နှစ်လုံးလုံးနေခဲ့ပြီးမှ ၂၀၁၉ ခုနှစ်မှာ ကျူးလွန်တဲ့ နေရာက လက်ဗွေနဲ့ ကျွန်တော့်လက်ဗွေ မတူညီတဲ့အပြင် DNA စစ်ဆေးချက်ချက်တွေက မကိုက်ညီဘူးလို့ အဖြေထွက်ခဲ့လို့ အကျဉ်ထောင်က လွတ်လာခဲ့ပါတယ်။ ထောင်ထဲမှာကတည်းက ဒီ America’s God Talent ကို လာပြိုင်ဖို့ စိတ်အားထက်သန်ခဲ့သလို တစ်နေ့ထောင်ကလွတ်ရင် ဒီပြိုင်ပွဲမှာ လာပြိုင်ဖို့ အရင်ကတည်းက စိတ်ကူးခဲ့ပါတယ်။ အခုတော့ ကျွန်တော့် ဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ” လို့ Archie က America’s God Talent ပြိုင်ပွဲမှာ ပြောကြားခဲ့ပါတယ်။

READ
ဂိမ်းကစားတာ ထူးချွန်လွန်းလို့ Esports ဆရာမအဖြစ် သင်ကြားပေးနေရတဲ့ ကောင်မလေး

Pyi Hein Kyaw

SHARE