ဖိုတိုရှော့ ပြင်ထားတာ ဟုတ်၊ မဟုတ် အငြင်းပွားစေခဲ့တဲ့ ဓာတ်ပုံဆရာရဲ့ လက်ရာများ

[email protected] zachcooleyphoto

Photographer တစ်ယောက်ဖြစ်ဖို့ဆိုတာ ကင်မရာတစ်လုံးရှိရုံနဲ့ မရပါဘူး။ ကိုယ်ရိုက်ချင်တဲ့ အရာတစ်ခုကို ပုံကောင်းရိုက်ဖို့အတွက် စိတ်ရှည်ဖို့၊ အလင်းအမှောင်နဲ့ ပတ်သတ်တဲ့ knowledge တွေ၊ ဘယ်လို Ratio နဲ့ ရိုက်ရမလဲ အစရှိတဲ့ အသိပညာဗဟုသုတများစွာလိုပါတယ်။ ကင်မရာကောင်းလေးတစ်ခု ဈေးကြီးပေးဝယ်၊ ကောင်မချောချာလေးတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး Lightroon လေလလး နည်းနည်းသုံးတတ်တာနဲ့ Photographer မဖြစ်ပါဘူး။ အခုပြောပြချင်တာကာတေ့  မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ရိုက်ချက်တွေနဲ့ နာမည်ကြီးနေတဲ့ Photographer အမျိုးသားပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Zach Cooley (@zachcooleyphoto)

အပေါ်ကလပုံကို ရုတ်တရက်ကြည့်လိုက်ရင် အဲဒီပုံကို ဖိုတိုရှော့လို့ပဲ တော်တော်များများ ထင်ကြမှာပါ။ တစ်ကယ်တမ်းလည်း လူတော်တော်များများက အဲဒီပုံကို ရုတ်တရက်ကြည့်ပြီး ဖိုတိုရှော့တစ်ခုလို့ ထင်ခဲ့တာပါပဲ။ ဒါပေမယ့် အဲဒီပုံဟာ ဖိုတိုရှော့မဟုတ်ပါဘူး။ ကျွန်တော့်တို့ ကမ္ဘာမြေပေါ်ကနေ မြင်ရတဲ့ လကြီးကို Zach Cooley လို့ အမည်ရတဲ့ ဓာတ်ပုံဆရာတစ်ယောက်က ရိုက်ထားတာပဲ ဖြစ်ပါတယ်။

READ
ရုပ်လုံးကြွလုံးလွန်းတာကြောင့် စိတ်ဂရောက်ဂယက်ဖြစ်သွားစေမည့် ပန်းပုရုပ်ထုများ

 

 

View this post on Instagram

 

A post shared by Zach Cooley (@zachcooleyphoto)

 

View this post on Instagram

 

A post shared by Zach Cooley (@zachcooleyphoto)

ဒါပေမယ့် ဒီပုံတွေဟာ မြင်ရတဲ့ အတိုင်း ရိုက်ထားတာ မဟုတ်ပဲ camera tricks အနည်းငယ်သုံးပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Zach ဟာ ပထမဦးဆုံး သူ့စိတ်ကြိုက် လပုံတွေကို telemetric zoom lens တွေသုံးပြီး အရင်ဆုံး ရိုက်ကူးပါတယ်။ ပြီးတော့မှ တစ်ခြားပုံတစ်ပုံကို single frame တစ်ခုတည်းမှာ Double exposure တင်ပြီး ရိုက်ကာ နှစ်ပုံစလုံးကို တစ်ပုံတည်းမှာ ထပ်တူကျအောင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Zach Cooley (@zachcooleyphoto)

 

View this post on Instagram

 

A post shared by Zach Cooley (@zachcooleyphoto)

Zach တစ်ယောက်ကတော့ ဒီနည်းလမ်းကို သုံးပြီး လပုံတစ်ခုတည်းသာမဟုတ်ပဲ နေပုံတွေကိုပါ နေထွက်ချိန်၊ နေဝင်ချိန်တွေမှာ ရိုက်ကူးခဲ့ပါတယ်။ Zach ဟာ အဲဒီနောက်မှာတော့ အဆိုပါ ဓာတ်ပုံတွေကို သူ့ရဲ့ IG အကောင့်မှာ တင်လိုက်တဲ့ အချိန်မှာတော့ လူတော်တော်များများဟာ အဆိုပါ ဓာတ်ပုံတွေကို ဖိုတိုရှော့လို့ ထင်ခဲ့ပေမယ့် Zach ရဲ့ ရိုက်ကူးပုံကို သေသေချာချာသိတဲ့ အချိန်မှာတော့ တော်တော်လေးကို လူကြိုက်များတဲ့ ဓာတ်ပုံတွေဖြစ်ခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ခရုခွံလေးတွေကို သုံးပြီး လှပတဲ့ အနုပညာကို ဖန်တီးခဲ့တဲ့ Artist

 

 

View this post on Instagram

 

A post shared by Zach Cooley (@zachcooleyphoto)

Pyi Hein Kyaw

SHARE