အလစ်သုတ်မှုနဲ့ဖမ်းမယ့်အစား အလစ်သုတ်သူတွေကို ညစာပါ ဝယ်ကျွေးခဲ့တဲ့ ရဲအရာရှိ

youtube/ WPTV News - FL Palm Beaches and Treasure Coast

အမေရိကန် မန်ဆာချူးဆက်ပြည်နယ်က ရဲအရာရှိတစ်ဦးဟာ ဆိုင်အလစ်သုတ်ခဲ့တဲ့အမျိုးသမီးနှစ်ယောက်ကို ဖမ်းဆီးရမယ့်အစား ၄င်းတို့မိသားစုအတွက် ခရစ္စမတ်ညစာကို ကိုယ်တိုင်ပိုက်ဆံထုတ်ပြီး ဝယ်ပေးခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့က ရဲအရာရှိ Matt Lima ကို Stop & Shop စတိုးက ဖုန်းဆက်ခေါ်ပါတယ်။ ဆိုင်လုံခြုံရေးက အမျိုးသမီးနှစ်ယောက်ဟာ သူတို့အိတ်ထဲမှာထည့်ထားတဲ့ပစ္စည်းအားလုံးကို ကောင်တာမှာ စကန်ပေးမဖတ်ဘူးဆိုပြီးတော့ ဖုန်းဆက်တိုင်တာပါ။

youtube/ WPTV News – FL Palm Beaches and Treasure Coast

အဆိုပါ အမျိုးသမီးနှစ်ယောက်နဲ့အတူ ကလေးငယ်နှစ်ဦးလည်း ပါဝင်ပါတယ်။ ဆိုင်ကို ရဲအရာရှိ Lima ရောက်သွားတဲ့အခါမှာတော့ အလစ်သုတ်သမားအမျိုးသမီးနှစ်ဦးထဲက တစ်ဦးနဲ့စကားပြောခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးက သူမမှာ အလုပ်ရှိပေမယ့် ကလေးနှစ်ယောက်အမေ အမျိုးသမီးကတော့ အလုပ်မရှိကြောင်း၊ မိသားစုပြဿနာတွေလည်းရှိနေကြောင်းနဲ့ ကလေးတွေကို ခရစ္စမတ်ညစာကျွေးချင်တဲ့အတွက် သူတို့အမေက ဈေးဝယ်ချင်တာကြောင့် လိုက်လာတာဖြစ်ကြောင်း ရှင်းပြပါတယ်။

READ
လေဖြတ်နေတဲ့ ဇနီးသည်အတွက် အလှပြင်ပေးဖို့ လေ့လာနေတဲ့ ချစ်စဖွယ်ဖိုးဖိုး
youtube/ WPTV News – FL Palm Beaches and Treasure Coast

ဒီနောက်မှာတော့ Lima က သူမပြောစကားမှန်မမှန်သိရအောင် ငွေပြေစာကိုသွားကြည့်ခဲ့ပါတယ်။ ပြေစာထဲမှာလည်း တကယ်ပဲ ဟင်းချက်စရာအစားအသောက်တွေဝယ်ထားတာကို တွေ့လိုက်ရပါတယ်။ Lima ကတော့ “အဲ့ဒီအမျိုးသမီးတွေနဲ့အတူပါလာတဲ့ ကလေးနှစ်ယောက်က ကျွန်တော့်သမီးတွေနဲ့ ရွယ်တူလောက်ပဲ။ ဒီမိသားစုက တကယ်လိုအပ်နေတဲ့မိသားစုဆိုတာ သေချာပါတယ်။ ဒါကြောင့် ကျွန်တော် ဘာလုပ်ရမလဲစဉ်းစားတယ်။ ကျွန်တော်တတ်နိုင်သလောက် ငွေလှူလိုက်မလား ဒါမှမဟုတ်လည်း ကလေးတွေအတွက် ခရစ္စမတ်ညစာ သွားဝယ်ပေးရမလားပေါ့။” လို့ ဆိုပါတယ်။

youtube/ WPTV News – FL Palm Beaches and Treasure Coast

ဒါပေမဲ့ Lima ဟာ ထိုအမျိုးသမီးနှစ်ယောက်ကို ဆိုင်ကိုထပ်မလာဖို့ရန် သတိပေးခဲ့ပြီး ဖမ်းတော့မဖမ်းခဲ့ပါဘူး။ အမျိုးသမီးနှစ်ယောက်ကတော့ Lima ကို အရမ်းကျေးဇူးတင်ခဲ့ကြတာပါ။ Lima နေရာမှာသာ တခြားသူဆိုရင်တော့ ထိုအမျိုးသမီးနှစ်ယောက်က အဖမ်းခံရင်လည်း ခံရ၊ ဒါမှမဟုတ်လည်း တရားရုံးရောက်ချင်ရောက်ရမှာပါ။ Lima ဟာ အခြားစတိုးဆိုင်တစ်ဆိုင်မှာ ပစ္စည်းသွားဝယ်နိုင်ဖို့ ၄င်းအမျိုးသမီးတွေအတွက် ဒေါ်လာ ၂၅၀ တန် Gift card တစ်ကတ်ဝယ်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

READ
ရည်းစားရဲ့ အနှိပ်စက်ခံဘ၀က လွတ်မြောက်ဖို့ အလိမ္မာနည်းသုံးပြီး ဖြေရှင်းခဲ့တဲ့ အမျိုးသမီး

ShweMom

SHARE