အောင်စာရင်းထွက်တဲ့ ညမှာတင် မြို့လုံးကျွတ် ကဲခဲ့ကြတဲ့ ဆယ်ကျော်သက်များ

တစ်ကမ္ဘာလုံးက ကျောင်းသား၊ ကျောင်းသူတိုင်းမှာ တူညီတဲ့ အချက်တစ်ချက် ရှိနေပါတယ်။ ကျား၊ မရွေး … လူမျိုး မရွေး .. ဘာသာ မရွေး .. အသက်အရွယ် မရွေး တူညီတဲ့အချက်ပါ။ ဒါကတော့ အထက်တန်းစာမေးပွဲ ဖြေပြီးချိန်နဲ့ အောင်စာ ရင်းထွက်ချိန်တွေမှာ ရင်ခုန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်လေ့ ရှိတာပါပဲ။

အခုလည်း A-Level အထက်တန်းအဆင့် နောက်ဆုံးစာမေးပွဲကြီးရဲ့ အောင်စာရင်းရလဒ် ထွက်မယ့်ည(၁၇.၈.၂၀၁၈) မှာပဲ UK က ဆယ်ကျော်သက်လေးတွေကတော့ တစ်ညလုံးနီးပါး အပြင်မှာ ပျော်ပါးခဲ့ကြပါတယ်။ Leeds မြို့မှာရှိတဲ့ နိုက်ကလပ်နဲ့ ဘားတွေရှေ့မှာ အထဲဝင်ခွင့်ရဖို့ ကိုက်(၂၀၀)လောက်ရှည်တဲ့ လူတန်းကြီးတွေ တန်းစီပြီး ကို စောင့်နေခဲ့ကြတာပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ညတာကို ဖြတ်သန်းခဲ့ကြတာပဲဖြစ်ပါတယ်။ အောင်စာရင်းထွက်ချိန် မှာ အခုလိုမျိုး ကျောင်းသား၊ ကျောင်းသူတွေ အုံလိုက်ကျင်းလိုက် ပျော်လေ့ရှိတာ အစဉ်အလာတစ်ခုဖြစ်ပေမယ့် ဒီနှစ်မှာလိုမျိုး အပျော်ကြူးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ သောင်းနဲ့ချီတဲ့ အရေအတွက်ကတော့ စံချိန်ဖြစ်တယ်လို့လည်း သိရ ပါတယ်။

READ
အွန်လိုင်းပေါ်မှာ ပညာရပ်တွေကို အခမဲ့လေ့လာသင်ယူနိုင်တဲ့ နေရာများ

Wales News Service

Wales News Service

အထက်တန်းကျောင်းရဲ့ နှစ်နှစ်တာအတွင်း စာကြိုးစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တာဖြစ်သလို၊ သူတို့ရဲ့နောက်ဆုံး အထက်တန်းကျောင်းသားဘဝလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရလဒ်ထွက်ပြီးတာနဲ့တပြိုင်နက် တက္ကသိုလ်တက်ဖို့ အခြားမြို့တွေကို ပြောင်းသူက ပြောင်းကြရတော့မှာမို့ အချိန်ဆွဲမနေကြဘဲ ရတဲ့အချိန်လေးမှာ သူငယ်ချင်းတွေနဲ့ ပျော်ပါးရတာဖြစ်တယ်လို့ သိရပါတယ်။ တစ်ချို့ကလည်း လက်တွဲဖော် ချစ်သူလေးနဲ့ အပျော်တွေကို မျှဝေခဲ့ကြပါတယ်။

Wales News Service

Wales News Service

ဒါပေမယ့်လည်း ကံအကောင်း အကြောင်းမလှစွာပဲ စာမေးပွဲကို မအောင်မြင်ပဲ ကျရှုံးခဲ့သူတွေလည်း ဒုနဲဒေးပါ။

Wales News Service
Wales News Service
Wales News Service

Penny

Source : Mail Online

SHARE