ရေခဲပြင်မှာ ဝက်ဝံလိုက်ခံခဲ့ရတဲ့ နှင်းလျှောစီးသမားရဲ့ အသည်းယားဖွယ်ရာဖြစ်ရပ်

Youtube-Un schior a fost alergat de un urs pe pârtia din Predeal

ရေခဲပြင်တို့၊ နှင်းတောထဲတို့မှာ နှင်းလျှောစီးရတယ်ဆိုတာ လူအများရဲ့ အမြင်မှာ တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်။ အမှန်တကယ်ကတော့ ပျော်ဖို့လည်းကောင်းသလို အရမ်းလည်း အန္တရာယ်များပါတယ်။ ကြောက်စရာအကောင်းဆုံးကတော့ ကိုယ်နှင်းလျှောစီးနေတဲ့ အချိန်မှာ ရုတ်တရက် ရေခဲတောင် ပြိုကျတဲ့ အဖြစ်အပျက်ပါပဲ။ မျက်စိတမှိတ်လေးအတွင်းမှာတင် ရေခဲပြင်အောက်ကို ရောက်သွားနိုင်တာကြောင့်ပါပဲ။ နောက်ထပ်ကြောက်စရာအကာင်းဆုံးက နှင်းလျှောစီးနေတုန်း ဝက်ဝံအလိုက်ခံရတာပါ။ ဒီအဖြစ်အပျက်ကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နှင်းလျှောစီးသမားတစ်ယောက်ဟာ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

Youtube-Un schior a fost alergat de un urs pe pârtia din Predeal

ဒီအဖြစ်အပျက်ဟာ Romania နိုင်ငံ၊ Predeal မြို့ရှိ ရေခဲပြင် နှင်းတော တစ်ခုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အမည်မသိ နှင်းလျှောစီးသမားတစ်ယောက်ဟာ သူ့ဟာသူ ရေခဲပြင်ထဲမှာ နှင်းလျှောစီးနေတုန်း နှင်းတောအနီးရှိ တောအုပ်ထဲက ဝက်ဝံကြီးတစ်ကောင်ဟာ ရုတ်တရက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဝက်ဝံကြီး ရုတ်တရက်ထွက်လာပြီး နှင်းလျှောစီးသမားရဲ့ အနောက်ကို ရန်မူဖို့ တရစပ်လိုက်လာခဲ့ပါတယ်။ ဒီလိုမျိုး သူ့အနောက်က ဝက်ဝံကြီးတစ်ကောင် လိုက်လာတယ်ဆိုတာကို အဆိုပါ နှင်းလျှောစီးသမားကတော့ သိခဲ့ခြင်း မရှိပါဘူး။

READ
ဝက်ဝံတိုက်ခိုက်တာကို ခံခဲ့ရလို့ တစ်ဘဝစာ စုတ်ပြတ်ဒဏ်ရာတွေရခဲ့တဲ့ သမင်မုဆိုး

ဗီဒီယိုထဲမှာ တွေ့မြင်ရတဲ့အတိုင်း နှင်းတောထဲရှိ chairlift ပေါ်က လူတစ်ချို့က အဆိုပါ နှင်းလျှောစီးသမားရဲ့ အသက်ကို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဝက်ဝံကြီးတစ်ကောင် သူ့အနောက်က လိုက်လာတာနေကြောင်း အဆိုပါ chairlift ပေါ်က လူတစ်ချို့က အော်ဟစ်ပြီး သတိပေးခဲ့တော့မှာ နှင်းလျှောစီးသမားဟာ သိရှိသွားခဲ့ပြီး အလျင်အမြန် ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ နောက်ဆုံးမှာ အဆိုပါ ဝက်ဝံကြီးဟာ နှင်းလျှောစီးသမားနောက်ကို ဆက်မလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE