ရေပန်းစားနေတဲ့ မျက်လုံးလျှင်မှ မြင်ရမယ်ဆိုတဲ့ မြွေပျောက်ရှာပုံတော်

လက်တလော လူမှုကွန်ယက်မှာ ရေပန်းစားနေတဲ့ ဓာတ်ပုံကတော့ Sunshine Coast Snake Catchers အဖွဲ့က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပါ။ ဒီပုံဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ပြီးနောက် ထင်မှတ်မထားဘဲ လူစိတ်ဝင်စားမှု များခဲ့ပါတယ်။ အဲဒီဓာတ်ပုံထဲမှာ မြွေတစ်ကောင် ရှိနေပြီး၊ ဆင်တူရိုးမှားဖြစ်စေမယ့် ရေစိုစိုသစ်ကိုင်းခြောက်တွေက သင့်အမြင်ကို ရောထွေးစေမှာပါ။ (ပုံကို အောက်တွင်ရှုရန်)

အဲဒီဓာတ်ပုံထဲမှာ မြွေကို ချက်ချင်းမြင်နိုင်ဖို့ ခက်ပါတယ်။ မြွေက ရှိနေတယ်ဆိုပေမယ့် အတော်လေးကို ရှာရှာဖွေဖွေလုပ်ပြီး ရှာမှ တွေ့နိုင်တာပါ။ အညိုရောင်နဲ့ အနက်ရောင်သစ်ကိုင်းတွေဟာ မြွေတစ်ကောင်လို ပြောင်လတ်လတ် ဖြစ်နေခြင်းကပင် အမြင်ကို ထွေပြားမှုတွေ ပိုပေးပါလိမ့်မယ်။

တကယ်လို့ အထက်ပါ ဓာတ်ပုံထဲမှာ မြွေကို မတွေ့ဘူးဆိုရင်တော့ အောက်မှာ အနီရောင် Circle နဲ့ ဝိုင်းပြထားပါတယ်။ ဒီအခါမှာတော့ သင် လက်သန်းလုံးလောက်သာရှိတဲ့ မြွေငယ်လေးတစ်ကောင်ကို သေချာမြင်ရမှာပါ။ ဒီမြွေလေးကို သြစတေးလျနိုင်ငံ၊ Queensland အရှေ့တောင်ပိုင်းက နေရာတစ်ခုမှာ ရိုက်ယူခဲ့တာပါ။

မြွေအမျိုးအစားကတော့ Keelback လို့ခေါ်တဲ့ မြွေအမျိုးအစားဖြစ်ပြီး၊ Fresh Water Snake လို့လည်း ခေါ်ကြပါတယ်။ အဆိပ်လည်း မရှိဘဲ၊ ရေစပ်စပ်နေရာတွေမှာ ငါး၊ ဖား စတဲ့ ရေနေသတ္တ၀ါငယ်လေးတွေကို ဖမ်းယူစားသောက်လေ့ရှိပါတယ်။ ဒီဓာတ်ပုံဟာ လူမှုကွန်ယက်မှာ သောင်းဂဏန်းလောက်အထိ Share ရခဲ့ပြီး၊ မှတ်ချက်ပေါင်း ထောင်ချီရှိခဲ့ပါတယ်။

READ
သတင်းကြေညာနေစဉ် အိုဗာအိုက်တင်တွေဖြစ်ခဲ့လို့ ဝေဖန်ခံနေရတဲ့ သတင်းတင်ဆက်သူ

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE