Graffiti အနုပညာက လည်း အခုဆိုရင် တော်တော် လေး ကို နာမည် ကြီးလာပါတယ်။လူ တော် တော်များများ Graffiti လို့ ကြား လိုက်ရင် နံ ရံ တွေကို ဆေးချယ်မှုန်း တဲ့ အနုပညာ တစ်ခု သက်သက် လို့ပဲ ထင် ကြတာ များပါတယ်။အဲ့ဒါ တကယ် တော့ မှား ပါတယ်။ဒီ့ထက် ပိုပြီး တီ ထွင် ဖန်တီး မှု တွေ အများကြီး လုပ် လို့ ရပါ သေးတယ်။ Graffiti အနုပညာကို ဖန်တီးတဲ့ နေရာမှာ အရမ်း တော် တဲ့ Artist တွေ အများကြီး ရှိပါတယ်။အဲ့ဒီအ ထဲက မှ Sergio Odeith ဆိုတဲ့ လူတစ်ယောက်နဲ့ မိတ် ဆက် ပေးချင်ပါတယ်။သူ့ရဲ့ အ ကြောင်းကိုတော့ Bright Side မှာ ဖော်ပြထားတာပါ။
Sergio Odeith က တော့ ပေါ် တူဂီ နိုင်ငံ Lissabon မြို့ ကပါ။သူ က တော့ Street Artist အ ဖြစ်ခံယူ ထားသူပါ။သူဖန်တီး တဲ့ လက်ရာ တွေက ပုံမှန် မြင် တွေ့ နေကျ Graffiti လက်ရာ မျိုး တွေ ထက် ပို ပါတယ်။3 D illustration ရုပ် ကြွ တွေနဲ့ တကယ့် အသက် ၀င် လွန်းတဲ့ လက်ရာ တွေပါ။သူ့ရဲ့ပြောင် မြောက်တဲ့ လက်ရာ တွေ ကြောင့် တကယ့် နာ မည်ကြီး Brand တွေ ဖြစ်တဲ့ ..
Coca-Cola, Samsung, Shell ဆိုတဲ့ Brand တွေ နဲ့ လက် တွဲ အလုပ် လုပ် နေသူပါ။Sergio Odeith က တော့ (၁၉၉၀) လောက် တည်းက graffiti တွေ ကို ဖန်တီး လာခဲ့တဲ့ သူပါ။တရားဝင် ဖန်တီး တာ မျိုး မဟုတ် ပဲ လမ်း ပေါ်က နံ ရံ တွေ ပေါ် လိုက်ပြီး ဖန်တီးတာမျိုးနဲ့ ဒီ လောကထဲ ကို စ ၀င် လာခဲ့တာပါ။
နောက်ပိုင်းမှာတော့ သာမန် ဖန်တီးရုံ လောက်နဲ့ တင် မက တော့ပဲ 3D နည်းပညာေ တွ နဲ့ပါ ပေါင်း စပ် ဖန်တီး လာခဲ့ပါတယ်။အနုပညာ ရှင် တော တော် များများလည်း နောက် ပိုင်း 3D တွေနဲ့ပါ ထည့်သွင်း ဖန်တီးလာတာမျိုးတွေ အများကြီး ရှိပါတယ်။odeith ဆိုတဲ့ Instagram အကောင့် ဖွင့် ထားပြီး Follower (755k) အထိ ရှိ နေပါပြီ။ Sergio Odeith ရဲ့ အမိုက်စား လက်ရာ တွေကို ဒီ့ထက်ပိုပြီး သေချာ ကြည့်ရှုချင်တယ် ဆိုရင် တော့ သူ့ရဲ့ Instagram က နေ ကြည့်နိုင် ပါတယ်။