သဘာဝတရားကြီးရဲ့အရေးပါပုံကို ထူးခြားတဲ့ ရုပ်တုတစ်ခုနဲ့ ဖော်ပြခဲ့တဲ့ ပန်းပုပညာရှင်

Daniel Popper

တိုးတက်ပြောင်းလဲနေတဲ့ ခေတ်စနစ်တွေကြောင့် တစ်စစ ယိုယွင်းပျက်ဆီးလာတဲ့ သဘာဝတရားကြီးကို လူတော်တော်များများ သတိမထားမိကြပါဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သတ်တဲ့ ဟောပြောပွဲတွေ၊ လှုပ်ရှားမှုတွေ ဘယ်လောက်ပဲလုပ်လုပ် လူတွေရဲ့ နားကသာကြားနိုင်ပေမယ့် စိတ်ထဲတော့ မရောက်ခဲ့ပါဘူး။ ဒါ့ကြောင့် ကမ္ဘာကျော် ပန်းပုပညာရှင်တစ်ဦးဖြစ်တဲ့ Daniel Popper ကနေပြီးတော့ သဘာဝတရားကြီးရဲ့ အရေးပါပုံကို ပေ ၃၀ အမြင့်ရှိတဲ့ ပန်းပုကျောက်ရုပ်ကြီးတစ်ရုပ် ထုလုပ်ခဲ့ပြီး လူတုင်းကို သတိပေးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Daniel Popper

 

 

View this post on Instagram

 

A post shared by Daniel Popper (@danielpopper)

Daniel Popper ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော် ပန်းပုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် Festival ပွဲတွေမှာ Festival theme statue ပုံစံရုပ်တုတွေ ထုလုပ်တဲ့ နေရာမှာ နာမည်ကြီးတဲ့ ပန်းပုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလည်း Daniel ဟာ သူ့ရဲ့ နောက်ထပ် လက်ရာတစ်ခုကို ကမ္ဘာကြီးက သိအောင် ထပ်မံပြသခဲ့ပါတယ်။ အဆိုပါ ရုပ်တုကြီးကတော့ အမေရိကန်နိုင်ငံ၊ Florida ပြည်နယ်၊ Fort Lauderdale မြို့ရှိ လူသွားလူလာများတဲ့ အဆောက်အအုံကြီး တစ်ခုအရှေ့မှာ ထုလုပ်ခဲ့တာ ဖြစ်ပါတယ်။

READ
ရေခဲချပ်ထဲက ပန်းတွေရဲ့သဘာဝအလှကို ထူးခြားစွာ မှတ်တမ်းတင်နေတဲ့ အမျိုးသား
Daniel Popper

 

 

View this post on Instagram

 

A post shared by Daniel Popper (@danielpopper)

အဆိုပါ ရုပ်တုကြီးဟာ ပေ ၃၀ အမြင့်ရှိပြီး တန်ချိန်အားဖြင့် ၁၄ တန်အလေးချိန် ရှိပါတယ်။ ပုံစံကတော့ အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ရင်ကို လက်နဲ့ ဆုတ်ဖြဲပြသထားတဲ့ လက်ရာတစ်ခုဖြစ်ပြီး အဆိုပါ အမျိုးသမီးရုပ်တုကတော့ မိခင်သဘာဝတရားကြီးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်တုရဲ့ ရင်ဘတ်ထဲမှာတော့ လှိုင်ခေါင်းပုံစံလေးဖြစ်အောင် ထုလုပ်ခဲ့ပြီး အဲဒီလှိုင်ခေါင်းအထဲကို သစ်ပင်၊ပန်းပင်တွေနဲ့ အလှဆင်ခဲ့ပါတယ်။ ဒါ့အပြင် မိခင်သဘာဝတရားကြီးက ပင်ပန်းနေတဲ့ ပုံစံကိုတော့ ကွဲအက်နေတဲ့ အဆိုပါ အမျိုးသမီးရဲ့ အသွင်အပြင်အဖြစ် ပုံဖော်ခဲ့ပါတယ်။

READ
မျက်နှာပုံ ယာယီတက်တူးလေးတွေ စုံတွဲ တွေ ကြားမှာ ရေပန်းစားနေ
Daniel Popper

“ကျွန်တော် အဓိကပေးချင်တဲ့ message ကတော့ သဘာဝတရားကြီးရဲ့ အဖိုးတန်ရတနာတွေဖြစ်တဲ့ သစ်ပင်တွေအကြောင်းပါ။ သစ်ပင်တွေရဲ့ အရေးပါပုံကိုတော့ လူတိုင်းနီးပါး သိရှိနားလည်ကြမယ်လို့ ထင်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်ကြီးမှာ လူတွေဟာ သစ်ပင်ခုတ်ဖို့သာ သတိရပြီး ပြန်စိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် သဘာဝတရားကြီးရဲ့ ရင်သွေးတွေဖြစ်တဲ့ သစ်ပင်တွေကို ဂရုစိုက်တတ်ဖို့ ဒီရုပ်တုနဲ့ လူတိုင်းကို message ပေးချင်ပါတယ်”လို့ Daniel က ပြောကြားခဲ့ပါတယ်။

Daniel Popper

Pyi Hein Kyaw

SHARE