ယမန်နှစ်က ကျင်းပခဲ့တဲ့ Adobe ကုမ္ပဏီရဲ့ MAX ပွဲမှာ တရားဝင်မိတ်ဆက်ပြောကြားခဲ့တဲ့အတိုင်း Adobe Photoshop ကို iPad တွေမှာ အသုံးပြုလို့ရတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ iPad အတွက် Adobe Photoshop App ဟာ တရားဝင် ထွက်ရှိမလာခဲ့သေးပေမယ့် App Store ပေါ်မှာတော့ Application Link ရောက်ရှိနေပါပြီ။ နောက်တစ်ပတ်လောက်ဆို စတင်အသုံးပြုခွင့် ရရှိတော့မှာပါ။

iPad အတွက် Adobe Photoshop ကို အခမဲ့ Download ပြုလုပ်လို့ရပြီး Application ကို ရက် ၃၀ စာအထိ အခမဲ့ အသုံးပြုခွင့်ရရှိမှာပါ။ ရက် ၃၀ ပြီးနောက်မှာတော့ အခကြေးငွေနဲ့ ထည့်သွင်းပြီး ဆက်လက်အသုံးပြုခွင့်ရရှိမှာပါ။
Apple Pencil အတွက်လည်း Full Support ပေးထားပြီး PSD files တွေ အတွက်လည်း အဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။ touchscreen interfaces အတွက်လည်း Photoshop ရဲ့ functions တွေကိုလည်း အဆင့်မြင့်တင်ပေးထားပါတယ်။
Photoshop ကို Support လုပ်ပေးနိုင်တဲ့ Deviceတွေကတော့
- iPad Pro (Wi-Fi, Wi-Fi, and Cellular)
- iPad Pro (12.9-inch) and 2nd generation
- iPad Pro (10.5-inch)
- iPad Pro (9.7-inch)
- iPad 5th Generation
- iPad Mini 4
- iPad Air 2 တို့ပဲဖြစ်ပါတယ်။
iPad နဲ့ ပြုလုပ်ထားတဲ့ Photoshop ဖိုင်တွေကို Cloud ပေါ်မှာသိမ်းဆည်းထားနိုင်ပြီး Desktop မှာလည်း ပြန်ဖွင့် အသုံးပြုလို့ရမှာပါ။
YYK