ထူးထူးဆန်းဆန်း သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ Cookie Monster မျက်နှာကျောက်

instagram/cookiemonster facebook/Mike Bowers

Sesame Street ထဲက Cookie Monster ဇာတ်ကောင်နဲ့တူတဲ့ ထူးခြားမီးတောင်ကျောက်တစ်မျိုးကို ဘရာဇီးနိုင်ငံမှာ တွေ့ရှိကြောင်း Dailymail အရ သိရပါတယ်။ သာမန်နဲ့မတူတဲ့ ဒီမဟူရာအဂိတ်ကျောက်ကိုတော့ ဘရာဇီး Soledada အနီး Rio Grande dol sul ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျောက်တုံးရဲ့အပိုင်းနှစ်ပိုင်းဟာ ကြက်ဥသဏ္ဍာန်ဖြစ်ပေါ်နေတာပါ။ ဒါပေမဲ့ ကျောက်တုံးကို အလယ်တည့်တည့်ကနေ ပိုင်းလိုက်တဲ့အခါမှာတော့ Cookie Monster မျက်နှာနဲ့တူတဲ့ နက်ပြာရောင် သလင်းကျောက်ကို ထူးခြားစွာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Cookie Monster ကျောက်တုံးကိုတော့ ကျောက်တုံးတွေကိုအထူးပြုလေ့လာနေသူ ကယ်လီဖိုးနီးယားက Mike Bowers ဆိုသူက နိုဝင်ဘာလ ၂၀၂၀ခုနှစ်မှာတွေ့ရှိခဲ့တာပါ။ ရှားပါးတဲ့အသွင်သဏ္ဍာန်နဲ့ကျောက်ဖြစ်တဲ့အတွက် ဒေါ်လာ ၁သောင်းကျော်လောက် တန်ဖိုးရှိပါတယ်။ မစ္စတာ Bowers က “ကျွန်တော့်အထင် ဒါအပြင်မှာ တကယ်ရှိတဲ့ Cookie Monster နဲ့လည်း တကယ်တူတဲ့ ပစ္စည်းဖြစ်မယ်ထင်တယ်။ ဒီလို အခြားပစ္စည်းမျိုးတွေလည်း ကျွန်တော်မြင်ဖူးပါတယ်။ ဒါပေမဲ့ ကျောက်တုံးနှစ်ဘက်စလုံးက အခုတွေ့တဲ့ကျောက်လောက် မသေသပ်ဘူး။” လို့ ဆိုပါတယ်။

READ
ချိန်သားကိုက်ရိုက်ချက်များကြောင့် ထူးထူးဆန်းဆန်းဖြစ်သွားတဲ့ဓာတ်ပုံများ

မစ္စတာ Bowers က ကျောက်တုံးကို တကယ်တွေ့တဲ့သူက Lucas Fassari ဆိုသူပါလို့လည်း ရှင်းပြပါတယ်။ “ဒါ တကယ်ပဲ ထူးခြားပါတယ်။ အပြင်မှာလည်း ထင်ရှားတဲ့မဟူရာကျောက်အချို့ ရှိပါတယ်။ ကြောက်ရွံ့နေတဲ့ပုံပေါ်နေတဲ့ ဇီးကွက်မျက်နှာလိုမျိုးပေါ့။ ကျောက်တွေက အပြင်က အရာဝတ္ထုတွေနဲ့ ခပ်ဆင်ဆင်တူသယောင်တွေတော့ ရှိပါတယ်။ ဒါပေမယ့် အခုကျောက်လိုမျိုး ထင်ထင်ရှားရှားမြင်ရတာရှားတယ်။”

တွေ့ရတဲ့ဗီဒီယိုကိုတော့ မစ္စတာ Bowers ကိုယ်တိုင် ရိုက်ကူးတင်ခဲ့တာပါ။ Britannia.com အရ မဟူရာအဂိတ်ကျောက်တွေဟာ သလင်းကျောက်တစ်မျိုးပဲဖြစ်တယ်လို့ သိရပါတယ်။ ဒီကျောက်တွေကိုတော့ အခေါင်းပေါက်တွေထဲမှာ ကျန်ရှိနေတဲ့ နှစ်ကာလကြာမြင့်ပြီဖြစ်တဲ့ ချော်ရည်ခဲတွေနေရာမှာ တွေ့နိုင်ပါတယ်။ ချော်ရည်ဟာ ကျောက်တုံးရဲ့မာတဲ့အပြင်ဘက်အလွှာကို ထိုးဖောက်ဝင်ရောက်ပြီး မတူညီတဲ့အတွင်းကျောက်သားနေရာအလွှာတွေမှာ ချော်ရည်တွေကိုခဲစေပါတယ်။ ဒီအချက်ကြောင့်ပဲ အဂိတ်ကျောက်တွေဟာ မတူညီတဲ့ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်လာတာပါ။ မဟူရာအဂိတ်တွေကိုတော့ ရှေးခတ်ဂရိမှာ အလှဆင်ပစ္စည်းတွေအဖြစ် အသုံးပြုကြကြောင်းလည်း သိရပါတယ်။

READ
သင်မသိလောက်သေးတဲ့ ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြား ရိုးရာဓလေ့များ

ShweMom

SHARE