ပရိသတ်နဲ့ ဒိုင်လူကြီးတွေကို တဟားဟား ရယ်မောစေခဲ့တဲ့ ၁၂နှစ်သမီးလေးရဲ့ တင်ဆက်မှု

 အဂါင်္နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ America’s Got Talent အစီအစဉ်မှာ မယုံနိုင်လောက်စရာကောင်းတဲ့ အသံတုပညာရှင်ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပထမဆုံးအစမ်းသီဆိုသရုပ်ဆောင်မှုအပြီးမှာပဲ Golden Buzzer ရရှိခဲ့တယ်လို့ Dailymail သတင်းမှာတွေ့ရှိရပါတယ်။ Golden Buzzer ကတော့ America’s Got Talent ရဲ့  Season 9 မှာမှစတင်ပါဝင်လာတာပါ။ Season တစ်ခုမှာ အကဲဖြတ်ဒိုင်တစ်ယောက်ဟာ တခြားဒိုင်တွေရဲ့ voting မလိုပဲနဲ့ ပြိုင်ပွဲဝင်သူကို နောက်ထပ်တဆင့်တက်ခွင့်ပေးလိုက်တာပါ။

Golden Buzzer မိန်းကလေးနာမည်ကတော့ Darci Lynne ဖြစ်ပြီး အသက်က ၁၂သာရှိပါသေးတယ်။ Oklahoma City မှာနေထိုင်ပါတယ်။ ပထမအဆင့်ဖျော်ဖြေမှုမှာပဲ သူမရဲ့ရုပ်သေးရုပ်နဲ့အတူ အပြန်အလှန်စကားပြောကာ သရုပ်ဆောင်သွားတာပါ။ အသံနေအသံထား အမျိုးမျိုး ၊ ဟန်ပန်အမူအရာအဖုံဖုံနဲ့  ဒိုင်တွေ ၊ ပရိတ်သတ်တွေနှစ်ခြိုက်သဘောကျသွားအောင် လုပ်ပြနိုင်ခဲ့ပါတယ်။

READ
လေယာဉ်မယ်ကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တဲ့စုံတွဲ ဖမ်းဆီးခံခဲ့ရ

ပြိုင်ပွဲမှာ သူမယူဆောင်လာတဲ့ ရုပ်သေးရုပ်က အသက်ကြီးကြီးနဲ့ အဖွားကြီးတစ်ယောက်ပုံပါ။ Edna Doorknocker လို့ အမည်ပေးထားပါတယ်။ ဇာတ်လမ်းအရ အဖွားကြီးက ဒိုင်ဖြစ်တဲ့ Simon ကိုအသည်းအသန်ကြိုက်နေတာပါ။ Edna က Darci ကိုရင်ဖွင့်ပြောပြဟန်နဲ့ မိမိနဲ့ Simon က အသက်အရွယ်ကွာခြားနေကြောင်း ၊ အသက် ၅၇နှစ်ရှိတဲ့ Simon က အသက်၈၀ထဲရောက်နေပြီဖြစ်တဲ့ အဖွားကြီးကို နှလုံးရောဂါရအောင်လုပ်နိုင်ကြောင်း စတဲ့ စူးရှရှ ပြောဆိုပုံတွေနဲ့အတူ အမျိုးမျိုးအသံကစားပြသွားပါတယ်။

အဲ့ဒီနောက်မှာတော့ မိန်းကလေးက Edna ရဲ့နောက်တောက်တောက်ပြောစကားကြောင့် ထိတ်လန့်သွားတဲ ဟန်ဆောင်ကာ Simon ကိုသီချင်းတစ်ပုဒ်ဆိုပြဖို့အကြံပေးလိုက်ပါတယ်။  ရုပ်သေးရုပ်အနေနဲ့ အသံသရုပ်ဆောင်ပြီး အကဲဖြတ်ဒိုင် Simon နားမှာ သီချင်းဆိုပြခဲ့တာပါ။ အဲဒီသီချင်းကတော့ ၁၉၆၇ခုနှစ်လောက်တုန်းက အမေရိကန်တေးဂီတပညာရှင် Aretha Franklin ရဲ့ ခေတ်စားခဲ့တဲ့ဂန္တ၀င်သီချင်းဖြစ်တဲ့ A Natural Woman ပဲဖြစ်ပါတယ်။ သူမအနေနဲ့ နှုတ်ခမ်းတောင် သိပ်လှုပ်စရာမလိုပဲ အမြင့်ဆုံးnote တွေထိရောက်အောင်သီဆိုထားတာတွေ့ရပါတယ်။

READ
သူ့ခွေးလေးသာ ပြန်ရှာပေးရင် ထူးထူးခြားခြား ကျေးဇူးပြုပါမယ်ဆိုတဲ့ အမျိုးသား

သီဆိုသရုပ်ဆောင်မှုပြီးဆုံးတဲ့နောက်မှာတော့ Darci ကို ဒိုင်တွေအားလုံး မတ်တပ်ရပ်သြဘာပေးတာတွေ့မြင်ရပါတယ်။Darci ဟာအသက်၆နှစ်အရွယ်ကတည်းက သီချင်းစတင်သီဆိုခဲ့တာဖြစ်ပြီး အလှပြပြိုင်ပွဲတွေမှာလည်း အမေဖြစ်သူရဲ့ အားပေးမှုနဲ့ ပါဝင်ခဲ့သူဖြစ်ပါတယ်။

အမေဖြစ်သူကတော့ ကလေးကိုဒီလိုပြိုင်ပွဲမျိုးတွေ ၀င်ပြိုင်စေတာက သမီးဖြစ်သူရဲ့  ရှက်ကြောက်ရွံ့စိတ်ကို ကျော်လွှားနိုင်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ ဒီစွယ်စုံရတဲ့ ကလေးမလေးဟာ သရုပ်ဆောင်မှုအပေါ်မှာ အာရုံပိုစိုက်ဖို့အတွက် ကျွမ်းဘားအားကစားကို စွန့်လွှတ်ခဲ့တယ်လို့လည်းသိရပါတယ်။

လင်းလင်း

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE