အဲကွန်းနဲ့ ပန်ကာ ပြိုင်တူမဖွင့်သင့်ကြောင်းအကြံပြုခဲ့တဲ့ မလေးရှားနည်းပညာရှင်

pexels/Luis Quintero, pexels/Plush Design Studio

လူတွေဟာ ရာသီဥတုပူအိုက်လွန်းတဲ့အခါ အခန်းထဲ မြန်မြန်အေးအောင်ဆိုပြီး အဲကွန်းရော ပန်ကာပါ ပြိုင်တူနှစ်ခုဖွင့်တတ်ပါတယ်။ ဒီလိုဖွင့်တာက နည်းလမ်းမကျတဲ့အကြောင်း မလေးရှားနိုင်ငံက အဲကွန်းနည်းပညာရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။ မိုဟာမက်နိုရာမင်းမက်တ်အမည်ရတဲ့ ထိုအမျိုးသားက သူ့ရဲ့အတွေ့အကြုံကိုဖေ့စ်ဘုတ်မှာ ပြောပြခဲ့တာကို worldofbuzz ကနေ ဖော်ပြပေးလိုက်ပါတယ်။

“တကယ်လို့ အဲကွန်းရော မျက်နှာကြက်ပန်ကာရောဖွင့်မယ်ဆိုရင် လေအေးတွေနဲ့ လေပူတွေက ရောသွားမယ်။ ဒီလို ခဏခဏဖွင့်တဲ့အခါ အဲကွန်း filter မှာ ချေးပိတ်မြန်ပါတယ်။ ဒါကြောင့် နှစ်ခုပြိုင်တူဖွင့်မယ်ဆိုရင်လည်း အဲကွန်း filter ကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့လိုလိမ့်မယ်…” လို့ သူက ဆိုပါတယ်။

pexels/Sharath G.

နိုရာမင်းက အဲကွန်းမှာ filter ကိုသန့်ရှင်းရေးလုပ်မှ လေအေးကိုခံစားရမှာလို့ ဆိုပါတယ်။ “..တကယ်လို့ filter ကို သန့်ရှင်းရေးမလုပ်ပဲထားရင် အဲကွန်းက လေသာထွက်နေမယ် လေအေးကို ခံစားရမိမှာမဟုတ်ပါဘူး။ လေအေးအေးလေး ခံချင်လို့ အဲကွန်းဖွင့်ပါတယ်ဆိုမှ လေမအေးရင် ဒါမဟုတ်သေးဘူးလေ…” လို့ နိုရာမင်းက ဆိုပါတယ်။

READ
တက်တူးတွေကို မကြိုက်လို့ ဖျက်မယ်ဆို ဒါလေးတော့ သိထားသင့်.....

အောက်မှာတော့ သူက ဓာတ်ပုံနှစ်ပုံတင်ပြီး အဲကွန်းတစ်ခုထဲဖွင့်တဲ့အခါ လေတွေရဲ့အလုပ်လုပ်ပုံနဲ့ အဲကွန်းနဲ့ ပန်ကာ ပြိုင်တူဖွင့်တဲ့အခါ လေတွေရဲ့အလုပ်လုပ်ပုံကို ရေးဆွဲထားပါတယ်။ ပထမပုံက အဲကွန်းတစ်လုံးပဲ ဖွင့်ထားတဲ့ပုံပါ။ လေက ပုံမှန်လှည့်လည်သွားပြီး လေအေးတွေက လေပူတွေနေရာမှာ ဖြည်းဖြည်းချင်းအစားထိုးကာ တစ်ခန်းလုံးကို အေးမြစေတာပါ။ ဒုတိယပုံမှာတော့ အဲကွန်းနဲ့ မျက်နှာကြက်ပန်ကာ ပြိုင်တူဖွင့်ထားတဲ့အတွက် အခန်းထဲ လေပူရောလေအေးပါ သွားချင်သလိုသွား လည်ပတ်နေတာကို တွေ့ရမှာပါ။

facebook/muhammadnoramin.mat
facebook/muhammadnoramin.mat

သိရတာက ပန်ကာတွေဟာ အိမ်ရဲ့အပူချိန်ကို မလျော့ချပေးနိုင်တဲ့အပြင် အဲကွန်းနဲ့ပြိုင်တူဖွင့်လို့လည်း အဲကွန်းရဲ့စွမ်းဆောင်ရည်ကို မတိုးတက်စေဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ အဲကွန်းထက်စာရင် မီတာခသက်သာချင်တယ်၊ အပူနည်းနည်းသက်သာရုံပဲဆိုရင်တော့ ပန်ကာကိုသုံးနိုင်ပါတယ်။ နိုရာမင်းကတော့ တကယ်လို့ အဲကွန်းရော ပန်ကာရော ပြိုင်တူဖွင့်ချင်တယ်ဆိုရင်လည်း အဲကွန်းကို dry mode ထားပေးဖို့ အကြံပြုထားပါတယ်။ နိုရာမင်းရဲ့ပြောဆိုမှုနဲ့ပတ်သက်လို့ အွန်လိုင်းပေါ်မှာတော့ အမျိုးမျိုးဝေဖန်ဆွေးနွေးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

READ
အိမ်မှာ အသုံးလည်းဝင်၊ ကျူးကျော်မှု အန္တရာယ်တွေကိုလည်း ကာကွယ်နိုင်မယ့် စားပွဲ

လင်းလင်း (ShweMom)

SHARE