အရွက်သုတ်ခွက်ထဲမှာ ဖားသေတွေ့လို့ ထိတ်လန့်ခဲ့ရတဲ့ ဈေးဝယ်သူ

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာရှိတဲ့ Aldi စူပါမားကတ်ကနေ ဈေးဝယ်သူတစ်ယောက်ဟာ အော့နှလုံးနာဖွယ်ဖြစ်တဲ့ ဖားအသေတစ်ကောင်ကိုတွေ့ခဲ့တယ်လို့ The Sun သတင်းကနေတွေ့ရှိထားပါတယ်။ အဲဒီဖားသေကို အဆင်သင့်စားသုံးလို့ရအောင် ပါကင်ပိတ်ထားတဲ့အရွက်သုတ်စုံဗူးထဲကနေ တွေ့ရတာပါ။ တွေ့ရှိတဲ့သူကတော့ အသက်၂၀ အရွယ်ရှိ Josie Caine ဖြစ်ပါတယ်။

Photo Credit: The Sun

Josie က ထမင်းစားပန်းကန်ထဲကို ဗူးထဲကအစာတွေသွန်ထည့်ရင်းနဲ့ တွေ့တာပါ။ သူမက ပုပ်နေပြီဖြစ်တဲ့ ဒီသတ္တ၀ါက အရွက်တွေ၊ မုန်လာဥနီချောင်းလေးတွေနဲ့ ပြောင်းဖူးတွေကြားထဲမှာပါလို့ ဆိုပါတယ်။ အဲဒါနဲ့သူမက Aldi စူပါမားကတ်ရဲ့ Facebook စာမျက်နှာမှာ ဖားပုံကိုဓာတ်ပုံရိုက်ပြီး “ ဒီဖားသေကို ကျွန်မရဲ့ Aldiအရွက်သုတ်ထဲမှာတွေ့ပြီးတဲ့အခါ ထိတ်လန့်သွားတယ် ” လို့ရေးတင်ခဲ့ပါတယ်။

သူမရဲ့ Post က comment ပေါင်း ၉၀၀၀နီးပါးရတဲ့ အထိဆွဲဆောင်နိုင်ခဲ့ပြီး ထင်မြင်ချက်တွေအမျိုးမျိုးပေးကြပါတယ်။ အချို့ကလည်း ဓာတ်ပုံဟာ အစစ်ဟုတ် မဟုတ်ဆိုတာ မသေချာတဲ့အကြောင်း၊ တချို့ကတော့ ရယ်စရာပြက်လုံးတစ်ခုအနေနဲ့အဖြစ် ပြောကြပါတယ်။ Aldi စူပါမားကတ်ကတော့ Josie ကိုဆိုင်ကိုပစ္စည်းပြန်ပေးပြီး စုံစမ်းစစ်ဆေးလိုတဲ့အကြောင်း၊ နောက်ပြီးတော့ ပစ္စည်းသွင်းတဲ့သူနဲ့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီးစကားပြောဆိုနေကြောင်း ပြန်ပြောပါတယ်။

READ
ကပ်ရောဂါအကြောင်း သိရတဲ့အချိန် ပါးစပ်အဟောင်းသားဖြစ်သွားတဲ့ ပင်လယ်ပျော်စုံတွဲ

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE