အဆိုတော် Halsey နဲ့ ရင်သွေးလေး အတူတူရတော့မယ့် Alev Aydin ဆိုတာ ဘယ်သူလဲ ….

Instagram- @zoneaydin, @iamhalsey

ဇန်နဝရီလ ၂၈ ရက်နေ့ ညသန်းခေါင်အချိန်မှာပဲ အဆိုတော် Halsey ဟာ သူမရဲ့ Instagram မှာ ဓာတ်ပုံလေး ၃ ပုံကိုတင်ပြီးတော့ ပရိတ်သတ်တွေကို surprise တိုက်ခဲ့ပါတယ်။ ကိုယ်ဝန်ရှိနေပါပြီတဲ့လေ။

 

 

View this post on Instagram

 

A post shared by halsey (@iamhalsey)

Halsey တစ်ယောက် social media နဲ့ အမြဲမပြတ်ရှိနေပြီး ပုံတွေလည်း ဆက်တိုက်တင်နေခဲ့တာကြောင့် ကိုယ်ဝန်ရှိနေပြီဆိုတာ ဘယ်သူမှလည်း မရိပ်မိခဲ့သလို တော်တော်လေးလည်း အံ့သြသွားခဲ့ကြပါတယ်။ ကလေးအဖေက ဘယ်သူများလဲ၊ ဘယ်ကလဲဆိုတာ ကြည့်လိုက်ကြရအောင်။

 

View this post on Instagram

 

A post shared by Alev Aydin (@zoneaydin)

ရုပ်ရှင်လောကသားတစ်ဦး

သူ့နာမည်ကတော့ Alev Aydin ပါ။ ဟောလိဝုဒ်လောကထဲကပဲဖြစ်ပါတယ်။ ရုပ်ရှင်လောကထဲ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်၊ ပရိုဂျူဆာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူပါ။ ၂၀၁၇ ခုနှစ်တုန်းက Small Shots ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ နာမည်ကြီးရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်တုန်းက Lonely Boy ပါ။ 

 

View this post on Instagram

 

A post shared by Alev Aydin (@zoneaydin)

Halsey နဲ့စတွေ့ခဲ့ပုံ

READ
ဆင်မကြီးသေဆုံးမှုအတွက် တရားမျှတအောင် စီရင်ပေးဖို့ တောင်းဆိုခဲ့တဲ့ Akshay Kumar

တော်တော်များများ Halsey နဲ့သူ့ကို သိတယ်လို့တောင် မတွေးမိခဲ့ကြပါဘူး။ Instagram မှာလည်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် follow မလုပ်ထားခဲ့ဘူးလေ။ ဒါပေမဲ့ ၂၀၂၀ အောက်တိုဘာလတုန်းကတော့ ပရိတ်သတ်တစ်ချို့ သူတို့နှစ်ယောက်ကို Los Angeles က Blick မှာ ပစ္စည်းတွေအတူဝယ်နေတာကို တွေ့ခဲ့ပါတယ်တဲ့။ အဲဒီအချိန်ထိ သူငယ်ချင်းအသစ်လို့ပဲ ထင်နေခဲ့ကြတာပါ။

 

View this post on Instagram

 

A post shared by Alev Aydin (@zoneaydin)

ဘာကြောင့်လဲဆိုတော့ Halsey ဟာ ရည်းစားဟောင်း G-Eazy နဲ့တုန်းလိုမျိုး ပြဿနာတွေဖြစ်မှာစိုးလို့ Alev နဲ့ relationship ကိုတော့ အတတ်နိုင်ဆုံး လုံးဝကို လျှို့ဝှက်ထားခဲ့တာပါ။ Lockdown အချိန်တုန်းကလည်း Halsey ရဲ့ အိမ်မှာပဲ Alev က တောက်လျှောက်နေနေခဲ့တာပါတဲ့။

သူငယ်ချင်းမှ ချစ်သူအဖြစ်သို့

READ
Orlando Bloom နဲ့ ခဏတာ လမ်းခွဲခဲ့ချိန်က သတ်သေဖို့ စဉ်းစားခဲ့တယ်ဆိုတဲ့ Katy Perry

တကယ်တော့ Alev နဲ့ Halsey ဟာ သူငယ်ချင်းအရင်ဖြစ်ခဲ့ကြတာပါ။ ဘတ်စကတ်ဘောပွဲတစ်ခုကို အတူတူထိုင်ကြည့်နေတဲ့ပုံတောင် မီဒီယာတွောကြားထဲ ပြန့်သွားခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့ အဲလောက်ကြီး ဟိုးလေးတကျော်မဖြစ်ခဲ့တာပါ။ အဲဒါကတော့ ၂၀၁၉ ခုနှစ်တုန်းကပေါ့။

 

View this post on Instagram

 

A post shared by Alev Aydin (@zoneaydin)

Tattoo ဆင်တူ

Halsey ထိုးနေကျ တက်တူးဆရာမတစ်ယောက်ရှိပါတယ်။ Amanda Owley ပါ။ သူ့ဆီမှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ခြေထောက်လေးတွေမှာ “Seeds.” ဆိုတဲ့ တက်တူးလေးကို တစ်ယောက်လက်ရေးပုံစံနဲ့တစ်ယောက်လဲပြီး ထိုးခဲ့ကြပါတယ်။

penny

SHARE