Britain’s Got Talentပြိုင်ပွဲမှာ တစ်ပေကျော်ဓားကိုမြိုသူ

Britain’s Got Talent မှာယဉ်ပြိုင်နေသူတစ်ဦးဖြစ်တဲ့ Alexandr Magala ရဲ့ပြကွက်ကတော့ တစ်ကမ္ဘာလုံးက
လူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။ Alexဟာ တစ်ပေကျော်ခန့်ရှိတဲ့ဓားတွေကို မျိုပြီးကျွမ်းထိုးက အရမ်းအန္တာရယ်ရှိ
တဲ့ပြကွက်များကိုပြနေသူတစ်ဦးဖြစ်ပါတယ်။

ဒိုင်တွေ၊ပရိတ်သတ်တွေအားလုံး မကြည့်ရဲလောက်၊ ကြက်သီးထစရာပြကွက်မျိုးတွေပါ။ “ကျွန်တော် ၂ပတ်လောက်
ကြိုတင်ပြင်ဆင်ပါတယ်။ ညဘက်ကျရင် ကျွန်တော်အိပ်မပျော်ပါဘူး။ ဒီအကြောင်းပဲစဉ်းစားနေမိပါတယ်။ ကြိုတင်
ခန့်မှန်းလို့မရပါဘူး။ တီဗွီကနေတိုက်ရိုက်လွှင့်နေတာဖြစ်တဲ့အတွက် ကျွန်တော်တစ်ခုခုမှားသွားရင် အားလုံးကတိုက်
ရိုက်တွေ့ကြမှာပါ။ ကျွန်တော်တစ်ခါတစ်လေ လုပ်နိုင်ပါ့မလားလို့တောင် သံသယဝင်မိပါတယ်။”လို့ The sunသတင်း
စာကိုပြောပြခဲ့ပါတယ်။

 

“ကျွန်တော် ဒီလိုမျိုးဖျော်ဖြေပြီးတိုင်း ဒီဖျော်ဖြေမှုက ခေါင်းထဲကမထွက်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဒီလိုလုပ်ရတာကို
ကြိုက်နှစ်သက်ပါတယ်။ ကျွန်တော်တိုင်ထိပ်ရောက်သွားရင် အမြဲမျက်ရည်ကျပါတယ်။ ဘာလို့လည်းတော့ မသိပါဘူး။
အဲ့ဒိအခိုက်အတန့်က အရေးအကြီးဆုံးဖြစ်ပြီး ကျွန်တာ့်အသက်ထွက်သွားနိုင်တဲ့အခိုက်အတန့်လည်းဖြစ်ပါတယ်။”လို့
သူကဆက်ပြောခဲ့ပါတယ်။

READ
ရုရှားမော်ဒယ် Irina Shayk အကြောင်း သင်မသိသေးတဲ့ အချက် (၁၀) ချက်

Source:thesun, youtube

shwemom-post-photo-1-1

 

SHARE