ကမ္ဘာ့ဖလား လူစာရင်း ပေါက်ကြားသွားခဲ့တဲ့ စပိန်အသင်း

(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် စပိန်အသင်းရဲ့ ကစားသမား (၂၃) ဦး စာရင်းဟာ ထုတ်ပြန်မယ့်နေ့ မတိုင်ခင်မှာပဲ ပေါက်ကြားသွားခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာ၊ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်တို့ ချန်လှပ်ခံခဲ့ကြရတယ်လို့ FoxSports က ဖော်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်နဲ့ ဘိုင်ယန်ကွင်းလယ်လူ မာတီနက်ဇ် တို့လည်း အသင်း လူစာရင်းမှာ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။

စပိန်အသင်းဟာ အသင်းရဲ့ လူစာရင်းကို မေလ (၂၁) ရက်နေ့မှာ ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကြိုတင်ပေါက်ကြားသွားခဲ့ရတာပါ။

စပိန်အသင်းရဲ့ လူစာရင်းမှာ ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာ ဆက်လက်ပါဝင်နေဆဲဖြစ်ပြီး အက်သလက်တီကိုအသင်းမှာ ပုံမှန်ခြေရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာလည်း ရွေးချယ်ခံခဲ့ရပါတယ်။

ပေါက်ကြားသွားခဲ့သောစပိန်အသင်း လူစာရင်း

……………………………………………

READ
၁-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
ဂိုး       –         ဒီဂီယာ၊ အရီဇာဘာလာဂါ၊ ပီပီရိန်နာ
နောက်တန်း     –         ကာဗာဂျယ်၊ အော်ရီယိုဇိုလာ၊ ပီကေး၊ ရာမို့စ်၊ နာချို၊ အက်ဇ်ပီလီကျူတာ၊ ဂျော်ဒီအယ်လ်ဘာ၊ မားကို့စ်အလွန်ဆို
ကွင်းလယ်       –         ဘက်စ်ကွက်ဇ်၊ ဆောလ်၊ အင်နီယေစတာ၊ သီယာဂိုအယ်လ်ကန်တာရာ၊ ကိုကီ၊ အစ္စကို
တိုက်စစ်         –         ဒေးဗစ်ဆေးလ်ဗား၊ အဆန်ဆီယို၊ လူးကပ်စ်ဗက်ကွက်ဇ်၊ ဒီယေဂိုကော်စတာ၊ ရိုဒရီဂို၊ အက်စ်ပက်စ်

Linn

Source : FoxSports

SHARE