ရင်သားပေါ်နေတဲ့ပုံတင်မရလို့ Instagram ကိုပြဿနာရှာနေတဲ့ Amber Heard

[email protected]

Twitter, Instagram, Facebook အစရှိတဲ့ လူမှုကွန်ယက်တွေမှာ တင်ချင်တိုင်းတင်လို့မရပါဘူး။ ဆိုလိုတာ copy right တွေရှိမယ်၊ သွေးထွက်သံယိုတွေ၊ ဝတ်လစ်စလစ်ပုံတွေစတာတွေပေါ့။ Community Standard ဆိုတဲ့ စည်းမျဉ်းနဲ့ငြိလို့ကတော့ တင်ထားတဲ့ post တွေကို ဖြုတ်ချတာမျိုး၊ ဓာတ်ပုံတင်ခွင့်၊ ပိုစ့်တင်ခွင့်၊ comment ပေးခွင့်တွေ ပိတ်ပစ်တာမျိုးရှိတဲ့အပြင်ကိုမှ account ကိုပါ ယာယီရပ်ဆိုင်းတဲ့ပုံစံမျိုးအထိ ဆိုးဆိုးရွားရွားပြုလုပ်တတ်ပါတယ်။

[email protected]
[email protected]

အခုလည်း မင်းသမီး Amber Heard တစ်ယောက် Instagram မှာ ရင်သားပေါ်နေတဲ့ပုံတင်လို့မရလို့ဆိုပြီး Instagram မှာတော်တော်လေးကိုပေါက်ကွဲနေခဲ့ကြောင်း Insider မှာ ဖတ်ခဲ့ရပါတယ်။ ဟိုးအရင်အပတ်တုန်းက Amber Heard ဟာ ကုတ်အင်္ကျီ တစ်ခုသာဝတ်ထားပြီး အောက်ခံမပါဘဲနဲ့ ရင်သားတစ်ဖက်ကို ဘွင်းဘွင်းရှင်းရှင်းဖော်ပြထားခဲ့တ့အတွက်ကြောင့် Instagram ရဲ့ “nipple rule” နဲ့ ငြိသွားကာ ဓာတ်ပုံကအဖြုတ်ချခံခဲ့ရပါတော့တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Amber Heard ကလုံးဝကျေနပ်မှုရှိမနေခဲ့ပါဘူး။ သူမရဲ့ပုံဆိုတာလည်း အလှပုံသက်သက်ရိုက်ကူးတာမဟုတ်ဘဲ Interview magazine နဲ့ Saint Laurent တို့ပူးပေါင်းပြီး ဓာတ်ပုံဆရာ Matthew Welch မှ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံပါ။  အလုပ်ဓာတ်ပုံဖြစ်တာကြောင့်မလို့ပြောရရင်အနုပညာဆန်တဲ့ ဓာတ်ပုံတစ်ပုံပါ။ ဒါပေမဲ့လည်း Instagram ကတော့ ဒါတွေမသိဘူး၊ သူ့စည်းမျဉ်းနဲ့မကိုက်ရင် ဖျက်သွားခဲ့ပါတယ်။

READ
ပရိသတ်တွေအားကျသွားလောက်အောင် ဝတ်မှုန်ရွှေရည်ကို အကြည့်တွေနဲ့ပြုံးပြနေတဲ့ ဒေါင်း
[email protected]

မကျေနပ်နိုင်တဲ့ Amber Heard တစ်ယောက် ဓာတ်ပုံအဖျက်ခံရပြီးနောက်တစ်ပတ်ထဲမှာပဲ သူမရဲ့ ဓာတ်ပုံနေရာမှာ Jason Momoa ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အကိုအစားထိုးတင်ခဲ့တဲ့အချိန်မှာတော့ Instagram က ဓာတ်ပုံကိုမဖျက်ပဲ လက်ခံခဲ့ပါတယ်တဲ့။ တကယ်လည်း Instagram ရဲ့ “nipple rule” က အမျိုးသမီးတွေအပေါ်မှာပဲ သက်ရောက်မှုရှိနေခဲ့တာပါ။ Amber Heard ကလည်း အဲဒီလိုမျိုး အမျိုးသားမလို့၊ အမျိုးသမီးမလို့ဆိုပြီး ခွဲခြားဆက်ဆံမှုပြုတာကို ဘဝင်မကျတာပါတဲ့လေ။ ဒါကြောင့် သူမရဲ့ Instagram မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပိုစ့်ပေါင်းများစွာတင်ခဲ့ပြီး Twitter မှာလည်း သူမရဲ့မူရင်းပုံနဲ့ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ Jason Momoa ရဲ့ပုံတို့ကို ယှဉ်ပြထားပြီး ဘာကွာခြားလို့လဲဆိုတာ ပရိတ်သတ်တွေကိုမေးထားပါသေးတယ်။ Jason Momoa နဲ့က Aquaman ဇာတ်ကားမှာ အတူတွဲသရုပ်ဆောင်ခဲ့ဖူးလို့ ရင်းနှီးနေခဲ့ကြတာပါ။

READ
Justin Bieber ကြောင့် Billie Eilish ကို မိဘတွေက စိတ်ရောဂါကုဆီပို့ဖို့ တိုင်ပင်ဖူးတယ်တဲ့
[email protected]

Penny

SHARE