အမေရိကန် ပါပါရာဇီတွေတောင် မျက်စိလည်နေတဲ့ Deepika နဲ့ Priyanka

ဘောလိဝုဒ်အကျော်အမော်ဖြစ်တာခြင်းလည်းတူ၊ဟောလိဝုဒ်မှာ ခြေချတာခြင်းလည်း၊talk shows တစ်ခုတည်းမှာ ပါဝင်ခဲ့တာခြင်းလည်းတူ၊အော်စကာကို တက်တာခြင်းလည်းတူ အစစအရာရာ အားလုံးနီးပါး တူနေတဲ့ Deepika နဲ့ Priyanka ကို အမေရိကန် ပါပါရာဇီတွေတောင် ဘယ်သူဘယ်ဝါရယ်လို့ ရှင်း ရှင်းလင်းမသိပဲ  မျက်စိလည်နေကြပါတယ်။ဒါပေမယ့် သူတို့နှစ်ဦး ဟာ သေချာ ကြည့်ရင်တော့ မတူပဲ လုံးဝကွဲပြားတာကို တွေ့ရမှာပါ။

သူတို့နှစ်ယောက်ကို နာမည်မှားယွင်း ဖော်ပြတာတွေလုပ်မိတတ်ကြပါတယ်။ အမေရိကန် မီဒီယာတစ်ခုဟာ xXx: Return of Xander Cage နဲ့ နာမည်ကြီးတဲ့ Deepika Padukoneလို့ဖြစ်ရမယ့်အစား Priyanka Chopra လို့ မှားယွင်းဖော်ပြခဲ့ဖူးပါတယ်။ဒီလိုဖြစ်တာ ဒါပထမဆုံးအကြိမ် ဟုတ်ပဲ ဒါဟာ ဒုတိယအကြိမ်မြောက်ပါ။xXx ဇာတ်ကားမှာတော့ မင်းသား Vin Diesel ပါဝင်သရုပ်ဆောင်ထားတာပါ။လော့အိန်ဂျလိစ်လေဆိပ်မှာလည်း လာကြိုကြတဲ့ ပရိသတ်တွေက “Hi, Priyanka” and “Priyanka, welcome back!” ဆိုပြီး နာမည်မှားခေါ် ကြိုဆိုခဲ့ကြပါတယ်။
 

Deepika ဟာ သူမရဲ့ အနုပညာညီအစ်မ Priyanka ရဲ့ခြေရာကို အမီ လို က်နိုင်ဖို့ ဟောလိဝုဒ် လောကထဲဝင်လာခဲ့တာပါ။သူမတို့နှစ်ယောက်ဟာ နာ မည်ကျော် talk shows တွေဖြစ်တဲ့ Jimmy Kimmel, Jimmy Fallon, James Corden, Ellen DeGeneres တို့မှာ ပါဝင်ခဲ့ဖူးပါတယ်။နှစ်ယောက် လုံးကို အမြဲတမ်း နှိုင်းယှဉ်ဖော်ပြခဲ့တာတွေရှိပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း ဗြိတိန်ရဲ့ နာမည်ကျော် သတင်းမီဒီယာ Daily Mail က Deepika ကို တင်းနစ်စတား Novak Djokovic ရဲ့ အမျိုးသမီးပြိုင်ဘက်လို့ မှား ယွင်းေ ဖ်ာပြခဲ့ဖူးပါတယ်။သူတို့နှစ်ဦး LA club  မှာအတူထွက်လာတာကို မြင်ပြီး ခုလို ဖော်ပြခဲ့တာပါ။Djokovic ရဲ့ဇနီးနဲ့ Deepika  တို့ဟာ သူငယ်ချင်းေ ဟာင်းတွေဖြစ်ပြီး နှစ်ယောက်လုံး နဲ့အသိမိတ်ဆွေတွေလို့ အိန္ဒိယမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

READ
သေတဲ့အခါ သားသမီးကို ပညာအမွေပဲပေးနိုင်မှာဆိုတဲ့ စိုးမြတ်နန္ဒာ

Ref;mashable

SHARE