အရည်အချင်းရှိပြီး တော်တဲ့ graffiti artist တွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ နာမည်ကြီး Artist တစ်ယော က်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။သူ ကတော့ Goerges Rousse ပါ။ အသက် (၃၇)နှစ်အရွယ် graf fiti artist တစ်ယောက်ပါ။သူ့ အ ကြောင်းကိုတော့ Insider မှာ ဖော်ပြထားပါတယ်။ပြင်သစ်က လမ်း တွေ မှာ သူဖန်တီးထားတဲ့ အနုပညာလက်ရာ တွေ အများကြီးပါ။
အသက်ဝင်လွန်းတဲ့ realistic paintings တွေကို ဖန်တီးတတ်တဲ့ Goerges Rousse က တော့ 3D artwork တွေကို နံရံ တွေမှာ အများဆုံးဖ န်တီး ဖြစ်တာပါ။လွန်ခဲ့တဲ့ (၁၈)နှစ်လောက်တည်းက ဖန်တီး လာခဲ့တာပါ။အမိုက်စား လက်ရာ တွေကို သူ့ရဲ့ အ ကောင့်မှာ ဝေမျှ ရင်း အခုဆိုရင် တော့ Follower (133k) အထိ ရှိနေပါပြီ။သူဖန်တီးဖြစ် ခဲ့တဲ့ လက်ရာ အများစု ကတော့ တိရစ္ဆာန် ပုံတွေ များပါတယ်။
View this post on Instagram
Always Clean #scaf #anamorphic #3d #abandoned #art #spraypaint #crocodile
ဒါပေမယ့် အ ကောင်ပုံတွေ မဟုတ်တဲ့ တခြားလက်ရာတွေ ကို လည်း ဖန်တီးတတ်ပါတယ်။ပြင်သစ်အ ခြေ စိုက် Rousse က တော့ ပုံရိပ်တွေ ရေးဆွဲ တဲ့ နေရာ မှာ အရိပ် ပုံတွေ က အစ အ သေးစိတ် ကျကျ ချယ်သ တတ်သူ ပါ။နံရံ တွေကို ဆေးမှုတ် ခြယ်သတာ မျိုးကိုတော့ (၂၀၀၂) တည်း က လုပ်လာခဲ့တာပါ။
View this post on Instagram
Born to be Wild #scaf #anamorphic #opticalillusion #3d #abandoned #art #spraypaint #snake
3D ဘက်ကိုတော့ မ ပြောင်းလာခင် (၇)နှစ်လောက် ဆေးမှုတ် ပန်းချီ ဖန်တီးတာ ကို လုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မြွေ၊ဒိုင်နိုဆော၊ကျား..အစရှိတဲ့ အ ကောင်တွေကို ရုပ်ကြွ 3D ပုံ မျိုးနဲ့ ဖန်တီး ပေး နေပါတယ်။
Rousse က တော့ ပြင်သစ်မှာရှိတဲ့ စွန့်ပစ်ခံ အ ဆောက်အအုံ တွေမှာလည်း သူ့ရဲ့ လက်ရာ တွေ ကို ဖန်တီး ပုံဖော် လေ့ရှိသူပါ။ပြင်သစ်တစ်ခုတည်းမှာတော့ မဟုတ်ပါဘူး။မက္ကဆီကို၊ခရို အေးရှား၊ကိုလံ ဘီယာ ၊အ မေရိကန်၊အီတလီ အစရှိတဲ့ နိုင်ငံတွေ မှာလည်း သူ့ရဲ့ အနုပညာလက်ရာ တွေ ရှိပါတယ်။
ပုံတွေ အတွက် ဒီဇိုင်းကိုတော့ သူ့ရဲ့ Tablet မှာ ဖန်တီးတာပါ။လက်ရာတစ်ခုကို ဖန်တီး ဖို့ က တော့ နှစ် ရက် ဒါမှမဟုတ် လေးရက် လောက် ကြပါတယ်။မြန်မြန် ဖန်တီးရတာ မျိုးကို မကြိုက်ပဲ အေးဆေး ဖန်တီးရတာမျိုးကိုပဲ ကြိုက်တယ်လို့ Rousse က ပြောခဲ့ပါတယ်။Painting လုပ်ရတာကို တော့ အရမ်း စွဲ လန်း နေတာ မျိုး တော့ မဟုတ်ပေမယ့် သူကြိုက်တဲ့ အရာတွေ ထဲက တစ်ခု လို့ ဆိုပါတယ်။
View this post on Instagram