Rich Kids တွေရဲ့ပုံတွေကို အခကြေးငွေယူပြီး ပို့စ်တင်ပေးတဲ့ Instagram အကောင့်

[email protected] rkoi

ဒီဘက်ခေတ် ဆိုရှယ်မီဒီယာသုံးနေတဲ့ လူတော်တော်များများကတော့ Rich Kids ဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး သိကြမှာပါ။ ပိုက်ဆံရှိ အသိုင်းအဝိုင်းမှာ မွေးလာတဲ့ လူငယ်တွေ၊ လူချမ်းသာကြီးတွေရဲ့ သားသမီးတွေ၊ ကမ္ဘာကျော်သူဌေးကြီးတွေရဲ့ သားသမီးဖြစ်သူတွေ အစရှိတဲ့ လူတွေကို Rich Kids လို့ ခေါ်တာပါ။ ဒါကို ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများက Brand ကောင်းကောင်းလေး ကိုင်နိုင်တဲ့ အခါမျိုးတွေ၊ မော်ဒယ်မြင့် ကားအကောင်းစားလေးဝယ်စီးနိုင်တာနဲ့ Rich Kids အထာတွေ ဖမ်းနေတာ အများကြီးပါ။ အခုပြောပြချင်တဲ့ အကြောင်းကတော့ ရေမရောတဲ့ Rich Kids တွေရဲ့ ပုံတွေကို အခကြေးငွေ ယူပြီး ပုံတွေတင်ပေးနေတဲ့ Instagram အကောင့်တစ်ခုပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Some shopping with my holiday supercar rental @refwayne shot by @melly_hanss

A post shared by Rich Kids Of The Internet (@rkoi) on

အဆိုပါအကောင့်ကတော့ RKOI (Rich Kids Of the Internet)လို့ အမည်ရတဲ့ Instagram အကောင့်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီ RKOI အကောင့်မှာ follower 374k ပြီး အကောင့်ပိုင်ရှင်ကတော့ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ James Ison လို့ အမည်ရတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ James ဟာ RKOI အကောင့်ကို ၂၀၁၂ ခုနှစ်ကတည်းက သူငယ်ချင်းနှစ်ဦးနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ Rich Kids တွေရဲ့ ပုံတွေနဲ့ ပို့စ်တွေကို ဒီအတိုင်း တင်ပေးတာပဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ Instagram အကောင့်ဟာ နာမည်ကြီးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Rich Kids တော်တော်များများ မျက်စိကျတဲ့ Instagram အကောင့်တစ်ခု ဖြစ်လာခဲ့ပါတယ်။

 

View this post on Instagram

 

Solar powered floating room who you taking with you? Swipe to see more ➡️➡️➡️

A post shared by Rich Kids Of The Internet (@rkoi) on

 

 

View this post on Instagram

 

His and hers ❤️ What would you pick? Lambo or Ferrari @alexandremourreau & @marina_ross__

A post shared by Rich Kids Of The Internet (@rkoi) on

ဒီလိုနဲ့ James ကို Rich Kids တော်တော်များများက ဆက်သွယ်လာခဲ့ပြီး သူတို့ရဲ့ အမိုက်စားကြွားလုံးထုတ်ထားတဲ့ ပုံတွေကို RKOI အကောင့်မှာ ပို့စ်တင်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ James ဟာ RKOI အကောင့်မှာ ပို့စ်တင်ချင်တဲ့ Rich Kids တွေဆီကနေပြီးတော့ ပို့စ်တစ်ခုတင်ရင် အမေရိကန်ဒေါ်လာ ၂,၀၀၀ နှုန်းနဲ့ တောင်းခဲ့ပါတယ်။ ဒါပေမယ့် Rich Kids တွေအတွက် ဒေါ်လာ ၂,၀၀၀ ဟာ ဘာမှမဟုတ်တဲ့ ပိုက်ဆံဖြစ်တာကြောင့် အဆိုပါ RKOI အကောင့်မှာ ပုံတင်ချင်တဲ့ Rich Kids တွေ တန်းစီနေခဲ့ပါတယ်။ သူတို့ရဲ့ ပို့စ်တွေကို အောက်မှာ ကြည့် ကြည့်ပါဦး။

 

View this post on Instagram

 

Just ordered my takeaway lunch @superyachttravel

A post shared by Rich Kids Of The Internet (@rkoi) on

 

View this post on Instagram

 

The new Lamborghini yacht for $3,400,000 Thoughts? Swipe ⬅️⬅️⬅️ for more images

A post shared by Rich Kids Of The Internet (@rkoi) on

 

View this post on Instagram

 

Taking this horse power out of the stable for a play @misslambodoc

A post shared by Rich Kids Of The Internet (@rkoi) on

Pyi Hein Kyaw

SHARE