ဘုရင်မကြီး ဖိတ်ကြားတဲ့ပွဲမှာ နန်းဆန်စွာ လှနေတဲ့ ဂျိုလီ

ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက လန်ဒန် စိန့်ပေါလ်ဘုရားကျောင်းမှာ လူမှုရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို လူမှုထူးချွန်ဂုဏ်ပြုဆုပေးအပ်တဲ့ နှစ်ပေါင်း (၂၀၀) ပြည့် အခမ်းအနားကိုကျင်းပခဲ့ပါတယ်။

John Rainford/ WENN

ယင်းအခမ်းအနားဟာ ပြည်ပနိုင်ငံတွေက လူမှုလုပ်ငန်းနဲ့ သံတမန်ရေးရာတွေကို လုပ်ဆောင်နေတဲ့သူတွေအတွက် စိန့်မိုက်ကယ်နဲ့ စိန့်ဂျော့ဂ်ျ ထူးချွန်ဆုတွေ အသီးသီးပေးအပ်တဲ့ပွဲလည်းဖြစ်ပါတယ်။ ယင်းအခမ်းအနားမှာ ဟောလီးဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီလည်း ဖိတ်ကြားခံခဲ့ရပါတယ်။

John Rainford/ WENN

အသက်(၄၃)နှစ်ရှိပြီဖြစ်တဲ့ ဂျိုလီဟာ ဆင်စွယ်ရောင်ဖဲပြားဦးထုပ်၊ ဆင်စွယ်ရောင် ၀တ်စုံနဲ့ ကျော့ကျော့မော့မော့လေးလှနေပါတယ်။ ဗြိတိန်ဘုရင်မကြီးကတော့ နေမကောင်းဖြစ်နေတာကြောင့် အခမ်းအနားပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် လူတွေအားလုံးရဲ့ အာရုံဟာ ဟောလီးဝုဒ်စတား ဂျိုလီအပေါ်မှာသာ ရောက်နေခဲ့ကြပါတယ်။

EPA

ဂျိုလီဟာ ငွေရောင်နဲ့ ကြွေရောင် သုတ်လိမ်းထားတဲ့ တောက်ပနေတဲ့ သူမရဲ့ဆုတံဆိပ်ရင်ထိုးတစ်ခုကိုလည်း တပ်ဆင်ထားပါတယ်။ သူမရဲ့ပိုးသားလက်အိတ်ကတော့ ရင်ထိုးနဲ့ ၀တ်ဆင်ထားတဲ့ ၀တ်စုံတွေနဲ့ ပဏာရလျက်ရှိနေပါတယ်။ ဂျိုလီနားမှာတော့ သူမရဲ့ပရိသတ်တွေ ၀ိုင်းလျက်ရှိနေပါတယ်။ ကလေးငယ်တွေလည်း ဂျိုလီနားမှာ လက်ဆွဲနှုတ်ဆက်ခွင့်ရဖို့နဲ့ စကားစမြည်ပြောခွင့်ရဖို့ စုရုံးနေကြပါတယ်။

READ
မင်းသမီးပိုးထည်တိုက်အတွက် ဖိုတိုရှုတင်ရိုက်ကူးခဲ့တဲ့ စိုးညီအစ်မတစ်တွေ
Stephen Lock

ဂျိုလီကို ဗြိတိန်နိုင်ငံသားသမားတစ်ဦးဖြစ်တဲ့ အာမီကာဟီလစ်ခ်နဲ့ လမ်းအတူလျှောက်လာနေတာကို အခုလိုတွေ့ရပါတယ်။ ဂျိုလီနဲ့အာမီကာတို့နှစ်ဦးဟာ ဘော့စနီးယားဇာတိဖြစ်ကြပြီး မကြာသေးခင်နှစ်တွေကမှ အလွန်ရင်းနှီးလာခဲ့ကြတာဖြစ်ပါတယ်။ (၂၀၁၅)ခုနှစ်တုန်းကလည်း ဂျိုလီဟာ  အာမီကာနဲ့အတူ မြန်မာနိုင်ငံရွေးကောက်ပွဲအချိန်မှာ လာရောက်ခဲ့ပါသေးတယ်။

John Rainford/ WENN

လင်းလင်း (ShweMom)

Ref: Dailymail

SHARE