အော်စကာရပြီးနောက် လူမုန်းများလာတာကောင်းကြောင်း ပြောခဲ့တဲ့ Anne Hathaway

instagram/annehathaway

Anne Hathaway ဟာ ၂၀၁၃ခုနှစ်တုန်းက Les Misérables အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အော်စကာဆုဆွတ်ခူးခဲ့ပါတယ်။ အခုဆိုရင်တော့ အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ Hathaway ဟာ Fantine အဖြစ် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကြီးကို လက်ခံရရှိခဲ့ပြီဖြစ်ပါတယ်။ သူမအောင်မြင်ခဲ့ပေမယ့် အွန်လိုင်းပေါ်မှာတော့ Hathaway ကို ဝေဖန်မှုတွေက ရှိလာနေခဲ့တာပါ။

 

View this post on Instagram

 

A post shared by Anne Hathaway (@annehathaway)

“ကျွန်မ အတိတ်ကိုပြန်ဖော်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မကိုပြောတဲ့လူတွေဆိုတာ ရှိပါတယ်။ အွန်လိုင်းမှာ ကျွန်မကိုမုန်းတီးနေကြသူတွေလည်းရှိတယ်။ ပုဂ္ဂိုလ်ရေးအရ ပြောရရင် ကျွန်မအတွက် တကယ်ပဲ ကောင်းပါတယ်။” လို့ဆိုပါတယ်။ ဒီအခြေအနေကြောင့်လည်း မယုံနိုင်စရာကောင်းလောက်အောင် ခွန်အားပြည့်တယ်လို့ခံစားရကြောင်း Hathaway က ပြောပြခဲ့ပါတယ်။ ဒါကြောင့် မကောင်းတာတစ်ခုခုဖြစ်လာတဲ့အခါ မကြောက်ဘဲ ရင်ဆိုင်သွားဖို့ ပြောခဲ့တာဖြစ်ပါတယ်။

READ
Captain America အဖြစ် ရွေးချယ်ခံခဲ့ရလို့ ပျော်ရွှင်နေတဲ့ Anthony Mackie

 

 

View this post on Instagram

 

A post shared by Anne Hathaway (@annehathaway)

အဲ့ဒီတုန်းက အော်စကာဆုကိုရရှိခဲ့ပေမယ့် သူမမျှော်လင့်ထားသလိုမျိုးတော့ မခံစားရကြောင်း Hathaway က ပြောခဲ့ပါသေးတယ်။ “အမှန်တော့ ပျော်ရမှာလေ။ ကျွန်မပျော်ရမှာဖြစ်ပေမယ့် ပျော်တယ်လို့မခံစားရပါဘူး။ တစ်ချို့လူတွေမြင်ဖူးမှာတောင်မဟုတ်တဲ့ ဈေးကြီးတဲ့ဝတ်စုံကိုဝတ်ပြီး ရပ်နေရတာ၊ အခုထိ ကျွန်မခံစားနေရဆဲဖြစ်တဲ့ လူတစ်ယောက်ရဲ့နာကျင်မှုကိုဖော်ပြတဲ့ ဆုရရှိတဲ့အတွက် မပျော်ပါဘူး။ ဒါပေမဲ့လည်း ပျော်နေသလိုဟန်ဆောင်ပြီး အောင်မြင်မှုကိုဆင်နွှဲခဲ့ပါတယ်။”

Hathaway ကတော့ အွန်လိုင်းပေါ်က ဝေဖန်မှုတွေအတွက် အားကိုးစရာအနေနဲ့ သူမအမျိုးသား Adam Shulman နဲ့ သူငယ်ချင်းတွေအပေါ် မှီခိုခဲ့ရတယ်လို့ ဆိုပါသေးတယ်။ သူမဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း ဆုပေးပွဲရဲ့ နောက်ကွယ်ကမြင်ကွင်းတွေကို ပြောပြခဲ့ပါတယ်။ ဝတ်စုံကိုနောက်ဆုံးအချိန်မှ လဲလှယ်ခဲ့ကြောင်းနဲ့ သူမကို မီဒီယာမှာမုန်းသူတွေရှိခဲ့ပေမယ့် အကောင်းဆုံးလုပ်ခဲ့ကြောင်း ပြောခဲ့တာကိုလည်း businessinsider အရ သိရပါတယ်။

 

View this post on Instagram

 

A post shared by Anne Hathaway (@annehathaway)

ShweMom

SHARE