Apple က တော့ နောက်ပိုင်းကျရင် ကားသော့ တွေ နေရာမှာ iPhone ကို အစား ထိုး သွားနိုင်ဖို့ စီစဉ် နေပါတယ်။ နောက်ဆိုရင် တော့ ကားသော့ ဆိုတာ မလိုတဲ့ အပိုပစ္စည်းတစ်ခု လို တောင် ဖြစ်လာ တော့မယ့် အ လား အလာ ရှိ နေပါတယ်။ဒီ အ ကြောင်းကိုတော့ ဇွန်လ (၂၂) ရက်နေ့ မှာ Apple ကုမ္ပဏီ က နေ WWDC ဆိုတဲ့ (Worldwide Developers Conference)မှာ ထုတ် ပြောခဲ့တာပါ။နောက်ထပ် တွေ့ မြင်ရမယ့် Feature သစ် မှာတော့ စမတ် ဖုန်းနဲ့ ကားကို Unlock လုပ်နိုင် တော့မယ်လို့ ပြောခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ CNN နဲ့ Daily Mail တို့ မှာ ဖော်ပြ ထားပါတယ်။

WWDC ကို တော့ ကိုရိုနာ ကြောင့် အွန်လိုင်း ပေါ်မှာ ပဲ ကျင်းပခဲ့ရတာပါ။ဒါပေမယ့် လည်း Apple အဖွဲ့ သား တွေ က တော့ visual နဲ့ sound effects တွေ ကို သေချာ အသုံးပြု ထားလို့ အရင် ပြ ခဲ့တဲ့ Show တွေ က ထက် တောင် ပို ပြီး စိတ်လှုပ်ရှားစရာ ၊စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။WWDC မှာတော့ မကြာခင် အသစ် ထွက် တော့မယ် iOS နဲ့ Feature သစ်တွေ အ ကြောင်းကို အမြဲ ဝေမျှ ပေးေ လ့ရှိပါတယ်။ကားကို ဖွင့် ပိတ် လုပ်ဖို့ ၊စ က်နှိုးဖို့ အတွက် အရင်က သော့တွေကို အားကိုးခဲ့ရ ပေမယ့် နောက်ဆိုရင် တော့ i Phone ရဲ့ Feature သစ်က ဒီတာဝန်တွေ ကို ယူ သွား ပေး တော့မှာပါ။Apple က တော့ ကိုယ်တိုင် မော် တော် ကား ထုတ် နိုင် ဖို့ ရည်ရွယ်ထား တာ ကြာပါပြီ။iOS 14 မှာ တော့ wireless နည်း နဲ့ ကားတွေ ကို Unlock လုပ် နိုင်တော့ မယ်လို့ ဆိုပါတယ်။ CarKey ကို တော့ iPhone ၊ Apple Watch တို့ နဲ့ လည်း တွဲ ဖက် သုံး နိုင် မယ်လို့ ပြောခဲ့ပါ တယ်။

CarKey က တော့ iOS user တွေ ကို iMessage က တစ်ဆင့် ယာဉ် မောင်းရဲ့ Profile ၊သူငယ်ချင်း နဲ့ မိသား စု တွေ က ဒီသော့ရဲ့ Access ကို ဘယ်လောက် ကြာကြာ ရနိုင် မလဲ ဆိုတာ တွေ ကိုပါ ဖန်တီး ပေးသွားမှာပါ။CarKey က တော့ လက်ရှိ သုံး နေတဲ့ ကား သော့ တွေ လိုပဲ ဖွင့်၊ပိတ်၊ စက်နှိုး တာတွေ ကို လုပ်နိုင်မှာပါ။စီနီယာ မန် နေဂျာEmily Schubert က တော့ Digital Key တွေ က တော့ လုံ ခြုံ ရေး အတွက် အကျိုး ရှိစေ ဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း၊ ကား သော့ ပျောက် သွားခဲ့ရင် တောင်မှ သော့ကို အလွယ် တကူ ထိန်း ချုပ်ပြီး ပိတ် ပစ်လိုက်လို့ ရနိုင် မယ်လို့ ပြောခဲ့ပါတယ်။လက်ရှိ သုံးနေတဲ့ သော့ တွေ ထက် တောင် မှ ပိုပြီး ဝေမျှ သုံး ဖို့ လည်း လွယ်ကူတယ်လို့ ပြောခဲ့ပါတယ်။ကော်ပီ ထပ်လုပ် ဖို့ မလိုတော့ပဲ iMessage က နေအလွယ်တကူ ဝေမျှ ပေး နိုင် ကြောင်း၊iOS users အချင်းချင်း iMessage ကနေ driving profile တစ်ခု ဖန်တီး ပေး ပြီး အလွယ် တကူ ဝေမျှ ပေးလို့ ရ တော့မှာပါ။2021 BMW Series 5 တွေမှာ တော့ ဒီ feature ကို ထည့်သွင်း ပေး မှာပါ။
#SHWEMOM