တစ်လကို (၂)ရက် စင်ဒရဲလားလို ဖိနပ်တွေ စီးပေးနေရုံနဲ့ ဝင်ငွေ ရမယ်ဆိုတဲ့ အလုပ်ခေါ်စာ

IG/bedroomathletics

အသစ်ထုတ်ထားတဲ့ ဖိနပ်ပါးလေးတွေ၊ ညဝတ်အင်္ကျီတွေကို ဝတ်ပေးရုံနဲ့ ဝင်ငွေ ရနေတယ်ဆိုတာမျိုးဆိုရင် အံ့သြသွားကြမယ် ထင်ပါတယ်။ တကယ်တော့ ဒီလိုမျိုး ပစ္စည်းကောင်းတွေရဲ့ အရည်အသွေးကို ကြည့်တတ်တဲ့သူတွေအတွက် ဒီလို အလုပ်မျိုး တကယ် ရှိနေပါတယ်။ နောက်နေတာမျိုးတော့ မဟုတ်ပါဘူး။ အသစ်ထုတ်ထားတဲ့ ဖိနပ်တွေကို ဝတ်ကြည့်ပေးရုံနဲ့ ဝင်ငွေ ရရှိနေမှာ ဖြစ်ပါတယ်။

ညဝတ်စုံတွေ ရောင်းတဲ့ ကုမ္ပဏီတစ်ခုကတော့ အမျိုးသားနဲ့ အမျိုးသမီး တစ်ဦးကို သူတို့ရဲ့ ကုန်ပစ္စည်းတွေကို စမ်းသပ်ပေးနိုင်ဖို့အတွက် အလုပ်ခေါ်နေပါတယ်။ အထူးသဖြင့် သူတို့ လိုအပ်တာကတော့ သူတို့ ထုတ်လုပ်ထားတဲ့ ဖိနပ်တွေကို စီးနင်းပြီး အကြံပြုချက်ပေးစေဖို့အတွက်ပါပဲ။

 

 

View this post on Instagram

 

A post shared by Bedroom Athletics (@bedroomathletics)

သူတို့ကတော့ ဈေးကွက်အတွက် စင်ဒရဲလားတစ်ဦး ရှာဖွေနေတယ်ဆိုပြီး အလုပ်ခေါ်ထားပါတယ်။ ဒီအလုပ်အတွက် သူတို့က တစ်နှစ်ကို ပေါင် ၄၀၀၀ ပေးမယ်လို့ ပြောထားပါတယ်။ တစ်နှစ်ကို မြန်မာငွေ သိန်း ၇၀ ကျော် ရမှာဖြစ်ပါတယ်။ တစ်လကိုဆိုရင် မြန်မာငွေနဲ့ ၆ သိန်းဝန်းကျင် ရရှိမှာပါ။

READ
နှလုံးခုန်သံတွေကို အချိန်ပြည့်ကြားနေရတယ်ဆိုတဲ့ အမျိုးသမီး

 

 

View this post on Instagram

 

A post shared by Bedroom Athletics (@bedroomathletics)

ဒီအလုပ်ကို ရဖို့အတွက်ဆိုရင်တော့ သူတို့ဘက်က ကန့်သတ်ထားတာတွေ ရှိနေပါတယ်။ သူတို့ ကုမ္ပဏီက နောက်ဆုံး ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် ဖိနပ်ပါးတွေ၊ ဘွတ်ဖိနပ်တွေနဲ့ အိမ်နေရင်း စီးတဲ့ ဖိနပ်တွေကို စီးကြည့်ပြီး တစ်ခုချင်းစီအတွက် အကြံပြုချက်တွေ၊ ဝေဖန်ချက်တွေအပြင် တခြားသော မှတ်ချက်တွေ ပေးနိုင်မှသာ ဒီအလုပ်ကို ရမှာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Bedroom Athletics (@bedroomathletics)

ဒီအလုပ်မှာ နောက်ထပ် အံ့သြစရာ အချက် ရှိနေပါသေးတယ်။ ဒါကတော့ သူတို့ ကုမ္ပဏီက ထုတ်တဲ့ ထုတ်ကုန်တွေကို သင်က အခကြေးငွေ ပေးစရာ မလိုဘဲ ရရှိမျာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တစ်လကို နှစ်ရက်ပဲ အလုပ်လုပ်ပေးရမှာပါ။ ဒီတော့ တစ်လကို နှစ်ရက် အလုပ်လုပ်ပေးရုံနဲ့ မြန်မာငွေ ၆ သိန်းကျော် ရနေမယ့် သဘောပါပဲနော်။

READ
ဒူဘိုင်းနဲ့ အဘူဒါဘီကို (၁၂)မိနစ်အတွင်း ရောက်အောင်ပို့မယ့် ကမ္ဘာ့အမြန်ဆုံးဥမင်ရထား

 

 

View this post on Instagram

 

A post shared by Bedroom Athletics (@bedroomathletics)

ဒီအလုပ်အတွက် ၁၂ လကြာအောင် လုပ်ပေးရမှာ ဖြစ်ပြီး တစ်ရက်ကို ၁၂ နာရီကြာအောင် လုပ်ရမှာပါ။ ဒီအလုပ်အတွက် လျှောက်လွှာတွေကိုတော့ ဖေဖော်ဝါရီလမှာ နောက်ဆုံးထား လက်ခံသွားမှာပါ။ မတ်လမှာတော့ ဘယ်သူတွေ အရွေးခံရမယ်ဆိုတာကို ကြေညာမယ်လို့ ကုမ္ပဏီဘက်က ဆိုထားပါတယ်။

ဒီလိုမျိုး လူတကာ စိတ်ကူးယဉ်မိလောက်တဲ့အလုပ်က ဒီအလုပ်မျိုးပဲ ရှိတာတော့ မဟုတ်ပါဘူး။ သိပ်မကြာသေးခင်ကလည်း အိန္ဒိယကုမ္ပဏီတစ်ခုက တစ်ရက်ကို ၉ နာရီလောက် အိပ်စက်ပေးရမယ့် အလုပ်သင်တွေကို ခေါ်ယူခဲ့ပါသေးတယ်။

Kham

SHARE