မတ်လ(၂၁)မှ ဧပြီလ(၁၉)ရက်နေ့တို့အကြား မွေးဖွားသူတွေကို Aries (မိဿ ရာ သီဖွား )လို့ သတ်မှတ်ကြပါတယ်။အဲ့ဒီရာသီခွင်မှာ မွေးဖွားကြ သူတွေအတွ က် (၂၀၁၇)ဧပြီလ ကံကြမ္မာ ဟောစတမ်းကို ဖော်ပြပေးချင်ပါတယ်။ဒီဧပြီ လမှာတော့ မိဿရာသီဖွားတွေအတွက် ရုတ်ရုတ်သဲသဲနဲ့ ၀ရုန်းသုန်းကားဖြစ် မယ့် ကာလလို့ ဆိုနိုင်ပါတယ်။စွန့်စားရတဲ့ စီးပွားရေးလုပ်ငန်းသစ်တွေကို ရဖို့ အသည်းအသန်ကြိုးစားနေရမယ့် ကာလပါ။လုံ့လ၀ီရိယထားပြီး ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ရည်မှန်းချင်တွေကို နောက်ကို စိတ်ဆုံးဖြတ်ပြီး လိုက်ပါ။အခက်အခဲ၊ အတိုက်အခံတွေကို ကျော်လွှားနိုင်မှာပါ။
အလုပ်အကိုင် – ထူးခြားတဲ့ အပြောင်းအလဲနဲ့ ကြုံရမယ့် ကာလပါ။အ လုပ်အ ကိုင်ပြောင်း တာ (ဒါမှမဟုတ်)လုပ်ငန်းခွင်မှာ ထူးခြားတဲ့ အပြောင်းအလဲနဲ့ ကြုံရနိုင်ပါတယ်။ ရာထူးတတ်တာ၊လစာတိုးတာ စတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံရနိုင်ပါတယ်။
ငွေရေးကြေးရေး -ငွေရေးကြေးရေးမှာတော့ ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်ေ တွ တလွဲတချော်ဖြစ်တတ်ပါတယ်။ပြုပြင်နိုင်ဖို့ အခွင့်အရေးရမှာပါ။ငွေရေးကြေးေ ရးစီမံခန့်ခွဲမှုတွေကို ပုံစံပြောင်းပစ်ဖို့ လိုအပ်လာတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်ပါ တယ်။အခက်အခဲတွေနဲ့ ကြုံရမှာဆိုပေမယ့် အားလုံးကို ကျော် လွှားနိုင်မှာပါ။ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အသီးအပွင့်တွေကို ခံစားရမှာပါ။
အချစ်ရေး၊အိမ်ထောင်ရေး – ဒီလကတော့ သင့်ရဲ့ မေတ္တာရေးနဲ့ပတ်သက်တဲ့ အဆိုးအကောင်းအကျိုးသက်ရောက်မှုတွေနဲ့ကြုံရမယ့်လပါ။လက်မထပ်ရသေးတဲ့ သူတွေဆိုရင် လက်ထပ် တာ၊သား၊သမီးမရှိတဲ့ အိမ်ထောင်ရှင်ဆိုရင် သား၊ သမီးရတနာရ တာတွေ စတဲ့ သတင်းကောင်းေ တွနဲ့ ကြုံရတတ်ပါတယ်။သား၊ သမီးရှိတဲ့ အိမ်ထောင်သည်တွေဆိုရင်တော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ညစ်စရာတွေနဲ့သဘောထားကွဲလွဲတာတွေနဲ့ကြုံရတတ်ပြီး လမ်းခွဲပြတ်စဲတဲ့ အထိ ကြုံရနိုင်ပါတယ်။