Aquarius (ကုံရာသီဖွား)တွေရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း

ဇန်န၀ါရီလ(၂၀)မှ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တို့ အကြား မွေးဖွားသူေ တွကိုတော့ Aquarius (ကုံရာသီဖွား)လို့ သတ်မှတ်လေ့ရှိပါတယ်။ ဒီလမှာတော့ ကိုယ့်ဘ၀ကို ကိုယ်တိုင်ဖန်တီးထုဆစ်နေရမယ့်လပါ အလုပ်ကို ကြိုးကြိုးစားစား ပင်ပင်ပမ်းပမ်း ဆောင်ရွက်နေရပါလိမ့်မယ်။ ဒီလမှာတော့ လုပ်ကိုင်ဆောင်ရွက်သမျှတွေမှာ ကိုယ့်ကိုယ်ကိုပဲ ယုံကြ ည် ကြိုးစားပါ။အင်အားတွေ၊ကြိုး စားလိုစိတ်တွေ ပြည့်နေမယ့်လပါ။ပ ညာရေးနဲ့ပတ်သက်ပြီး စိတ်အာရုံတွေ ပျံ့လွင့်နေပါလိမ့်မယ်။

အလုပ်အကိုင် – အလုပ်အကိုင်ကိစ္စတွေမှာ ထူးခြားတဲ့အခြေအနေ နဲ့ကြုံရပါလိမ့်မယ်။နေရာပြောင်းရတာ၊အလုပ်သစ်ပြောင်းရတာမျိုးပါ။အရင်လုပ်နေကျပုံစံမျိုးနဲ့မတူပဲ သိသိသာသာခွဲထွက်တဲ့ အလုပ်အကိုင်မျိုး ကို လုပ်ရတာမျိုးနဲ့ကြုံရနိုင်ပါတယ်။မိသားစုနဲ့ အတူပျော်ပျော်ကြီး နေချင်တဲ့ စိတ်ကြောင့် အလုပ်အပေါ် အားသွန်ခွန်စိုက် လုပ်ချင်တဲ့ စိတ်တွေ အားလျော့နေပါလိမ့်မယ်။

ငွေရေးကြေးရေး– (၂၀)ရက်ဝန်းကျင်လောက်မှာ ယာယီငွေရေးေ ကြးရေး အကြပ်အတည်းနဲ့ကြုံရပါလိမ့်မယ်။လုပ်ငန်းမှာ လက်တွဲဆော င်ရွက်ေ နတဲ့ လုပ်ဖော်ကိုင်ဖက်အပြောင်းအလဲ စီးပွားရေးဆိုရင်လည်း လက် တွဲဆောင်ရွက်နေတဲ့ ပါတနာအပြောင်းအလဲနဲ့ ကြုံရပါလိမ့်မယ်။

READ
Scorpio အမျိုးသမီးတွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ စရိုက်လက္ခဏာ..

မေတ္တာရေး– အိမ်ထောင်ရေး၊မေတ္တာရေးမှာ ပြုပြင်စရာ၊ပြန်စဉ်းစား စရာ အခြေအနေလေးတွေနဲ့ ကြုံရနိုင်ပါတယ်။လက်ရှိမှာ ကိုယ့်ချစ်သူနဲ့ အချစ်ရေးအဆင်မပြေရင် အိမ်ထောင်ရေးမှာပါ သူနဲ့လက်တွဲဖို့ကို ပြန်စဉ်းစားသင့်တဲ့ အချိန်ပါ။ချစ်သူချင်းလက်တွဲဖြုတ် တာ၊အိမ်ထော င်ဆိုရင် ကွာရှင်းရတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။မေတ္တာရေးညံ့နေတဲ့ လဖြစ်ပြီး အသည်းကွဲရတာနဲ့ကြုံရနိုင်ပါတယ်။

ကျန်းမာရေး – ကျန်းမာရေးကတော့ အရမ်းကို ကောင်းနေပါလိမ့်မယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့ ကိုယ်လက်လှုပ်ရှား တာတွေ လုပ်ပေးပါ။ခြုံပြောရရင်တော့ ဒီလဟာ အလုပ်အကိုင် အပြောင်းအလဲနဲ့ကြုံရနိုင်ပြီး အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ ပြဿ နာတွေပေါ်လာနိုင်ပြီး ဖြေရှင်းနေရမယ့်လပါ။

Ref;sunsigns

SHARE