သင်က ပင်လယ်ကို မကြောက်ဘူးဆိုတဲ့ လူသားလေးလား? ဒါဆို ပင်လယ်ကြီးရဲ့ ဆိုးသွမ်းပုံတွေကို လေ့လာကြည့်ပါဦး..။ ပြီးမှ ကြောက်လန့်နေရင်တော့ မတတ်နိုင်ပါနော်..။
ပင်လယ်ဟာ ကြီးကျယ်တယ်၊ နောက်ပြီး မာယာများတယ်။
ပင်လယ်ကြီးနဲ့ ပတ်သက်လာရင် အမြဲ ခြောက်ခြားဖွယ် တစ်စုံတစ်ရာဟာ ရှိနေတယ်ဆိုတာကိုတော့ ပင်လယ်ကို ဘယ်လောက်ချစ်ပါတယ်၊ ကြိုက်ပါတယ်ဆိုတဲ့ သူတွေတောင် ၀န်ခံရမှာဖြစ်ပါတယ်။ ပင်လယ်ကြီးပေါ်မှာ အသက်နဲ့ရင်းပြီး စီးပွားရှာနေတဲ့ သဘောင်္သားတွေရဲ့ ဘ၀တွေကိုလည်း တွေးပြီး အရင်ကထက်ပို စာနာနိုင်မှာပါ။

ရေရှင် ပင်လယ်ပြင်ထဲမှာ…. အရပ် (၈) မျက်နှာ ပတ်ချာလည်ကြည့်ရင်လည်း ရေတွေသာ မြင်ရမယ်။

ရေ…. ရေတွေ….
တခြားဘယ်အရာနဲ့မှ မတူတဲ့ ရေတွေ…

နောက်တစ်ခုက ပင်လယ်ရေလှိုင်းတွေရဲ့ ရိုက်ခတ်မှုကိုလည်း မလွဲမသွေ ရင်ဆိုင်ရမယ်။


ကမ္ဘာ့အကြီးဆုံး သဘောင်္ကြီးလား….? ပင်လယ်ပြင်ထဲမှာတော့ မှန်ပုံထဲ အလှပြတဲ့ အရုပ်လေးလိုပဲ။

ပင်လယ်ပြင်က သင့်ကို ကုန်းမြေ၊ လူမှုဘ၀တွေနဲ့ သာသာလေးပဲ အဆက်ဖြတ်လိုက်နိုင်တယ်။

ရှိတာဆိုလို့ လှိုင်းလုံးတွေရယ် သင်ရယ်ပဲ…

သင် တစ်ကိုတည်း…

သြော်… ပင်လယ် သမုဒ္ဒရာက နက်ရှိုင်းတဲ့အပြင် ခန့်မှန်းလို့လည်း မရဘူးဆိုတာ မေ့လို့လည်း မဖြစ်ဘူး။

ရေထဲရောက်သွားရင် ကုန်းမြေပေါ်က စည်းစနစ်တွေကို အသုံးမ၀င်ဘူး။ ဘယ်သူမှ အစိုးမရ….။

သင်ဟာ တကယ်တော့ သဘာဝကြီးရဲ့ စိတ်ကူးရှိတဲ့အတိုင်း ခံရမယ့် သက်ရှိဖြစ်ပါတယ်။ ရေကတော့ သဘာဝကြီးထဲက ထူးခြားမှုတွေ များစွာရှိတဲ့ သက်မဲ့ဖြစ်နေတယ်။

ပင်လယ်က ကြောက်ဖို့လည်း ကောင်းတယ်
များသောအားဖြင့် ကြောက်စရာကောင်းနေတတ်တယ်….

ကုန်းမြေကြီးဟာ အခုတော့ သိပ် သိမ်ငယ်စရာ ကောင်းလွန်းတယ်လို့ မထင်ဘူးလား…။ ဒါကြောင့် လုံခြုံစိတ်ချတဲ့ ကုန်းမြေပေါ်မှာပဲ နေတာအကောင်းဆုံးပဲလို့ ထင်နေရင် ပင်လယ်ကြီးက ဒီလိုလည်း လုပ်တတ်ပါသေးကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Ref: Buzzfeed
Matthew (ShweMOM)