Aries(မိဿရာသီဖွား) ကောင်မလေးကို ချစ်မိရင်…….

မတ်လ ၂၁ မှ ဧပြီ ၁၉ ရက်နေ့အတွင်း မွေးဖွားသူတွေကိုတော့ Aries(မိဿ ရာသီဖွား)လို့ သတ်မှတ်ကြပါတယ်။ဒီရာသီဖွားကောင်မလေးတွေကို ချစ်မိရင်တော့ သူတို့နဲ့ပတ်သက်တဲ့ အချစ်အပေါ်စိတ်နေစိတ်ထားလေးတွေကို သိနေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ဒါမှလည်း သူတို့နဲ့လက်တွဲမယ့် အချစ်ခရီး လမ်းက သင့်ကို အဆင်ပြေချောမွေ့စေမှာပါ။

Aries အမျိုးသမီးတွေနဲ့ အချစ်

သူတို့အတွက်ကတော့ အချစ်က ခွန်အားပါ။သူတို့ရဲ့ Sexual Life ကလည်း အတူတူပါပဲ။ဒီရာသီဖွားအမျိုးသမီးတွေဟာ နှစ်လိုဖွယ်ကောင်းတဲ့ စိတ်ထား ပြည့်ဝသူ မျက်နှာပိုင်ရှင်တွေ ဖြစ်ပြီး၊သူတို့ဟာ စိတ်လည်း အရမ်း ရှည်တ တ်ကြ ပါတယ်။ဘယ်လိုအခြေအနေမျိုးမှာမဆို ချစ်သူက အနားမှာ ပေါ် ထွက်လာမ လား၊ရှိနေပေးမလားဆိုတဲ့ စိတ်မျိုး သူတို့ဆီမှာရှိပါတယ်။ပင်ကိုယ်စိတ်က ကိုယ့် ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်ရှိသူတွေ ဖြစ်တာကြောင့် ကိုယ်စိတ်တိုင်းကျ၊ ကိုယ့်သဘောကျတဲ့ အရာတွေကိုပဲ လုပ်တတ်တဲ့ သဘာဝလည်း ရှိပါတယ်။ ဒါကြောင့် သင့်ကိုသာ သူမက တကယ်သဘောကျရင် ဘယ်သူပဲ ကြားဝင်ဖျ က်ဖျက် အပျက်မခံတဲ့ စိတ်သူတို့မှာ ရှိပါတယ်။သူတို့ရဲ့ အဓိက ဆွဲဆောင်မှု ကတော့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်သဘာဝပါ။

READ
ပြဿနာကို ထိပ်တိုက်ရင်ဆိုင်တွေ့ရမှာ အရမ်းမုန်းကြတဲ့ ရာသီခွင် (၅) ခု

Aries အမျိုးသမီးတွေနဲ့ In Relationships

သူတို့ကို စိတ်ဝင်စားနေတယ်ဆိုရင်တော့ သူ့ရဲ့စိတ်ဝင်စားမှုကို အရင်ဆုံး ရအောင် လုပ်ပါ။သူစိတ်လှုပ်ရှားစေမယ့် အရာမျိုးတွေ လုပ်ပြတာ၊မ ထင်မှ တ်ထားတဲ့ အံ့အားသင့်စရာလေးတွေ လုပ်ပြပေးရမှာပါ။သူလိုအပ်နေတဲ့ အရာလေးတွေကို လိုအပ်တဲ့ အချိန်မှာ ပေးနိုင်အောင် သင့်ဘက်ကနေ ကြိုး စားပေးရမှာပါ။အနားမှာရစ်သီရစ်ဝဲလောက်ပဲ လုပ်ပြီး ရှေ့ဆက်မတိုး တတ်တဲ့ ကောင်လေးမျိုးကို လုံးဝစိတ်မ၀င်စားကြပါဘူး။ဆရာလုပ်တတ်တဲ့ ချစ်သူမျိုး ထက် သူမကို ရှေ့တန်းတင်မယ့် သူမျိုးကို ပိုနှစ်သက်တတ်ကြသူတွေပါ။

သူတို့သဘောကျတဲ့ အရာမျိုးကိုသာ လက်ခံတတ်၊လုပ်ကိုင်လေ့ရှိတဲ့ ပင်ကိုယ် သဘာဝရှိပါတယ်။စာအုပ်ကြီးအတိုင်း သွားတတ်တဲ့ သဘာဝသူမမှာရှိပါတယ်။ သူမကသာ တကယ်ချစ်မယ်ဆိုရင် ဆင်းရဲ၊ချမ်းသာက အရေးမကြီးသလို ဘယ်သူကြားဝင်ဖျက်ဖျက် အပျက်မခံမယ့် မိန်းကလေး မျိုးပါ။

Ref;sunsigns

READ
အကောင်းဆုံး ခင်ပွန်းဖြစ်လာနိုင်တဲ့ ရာသီဖွား(၃)ခု

Nilar(Shwemom)

SHARE