မင်းသားဟယ်ရီကို အိမ်ထဲမ၀င်ခင် ခြေသုတ်ဖို့အလိမ္မာနည်းနဲ့ပြောခဲ့တဲ့ ၅နှစ်အရွယ်သမီးလေး

စစ်မှုထမ်းဟောင်းတစ်ယောက်ရဲ့ ချစ်စရာကောင်းလှတဲ့ သမီးလေးက တော်ဝင်မင်းသား ဟယ်ရီကို သူမတို့အိမ်ထဲ မ၀င်မှီ ခြေထောက် အရင်သုတ်ဖို့ ယဉ်ယဉ်ကျေးကျေးပြောလိုက်တဲ့ သတင်းကို The Mirror သတင်းစာမျက်နှာတစ်ခုမှာ တွေ့ရှိရပါတယ်။

အသက်၃၂ နှစ်အရွယ်ရှိတဲ့ မင်းသားဟယ်ရီက ကလေးမလေးပြောတဲ့ အတိုင်းပဲ လုပ်ခဲ့ပါတယ်။ ကလေးမလေးနာမည်က Lilly Anne Flores ပါ။ သူမအဖေက လွန်ခဲ့တဲ့ ၁၁နှစ်လောက်က အီရတ်မှာ လမ်းဘေးဗုံးပေါက်ကွဲရာကနေ ခြေထောက်ပါသွားခဲ့ပါတယ်။

သူမတို့တွေက Manchester မြို့ Newton Heath မှာနေထိုင်ပါတယ်။ မင်းသား ဟယ်ရီက အိမ်ကို အလည်လာတုန်းမှာ သူမက ယဉ်ကျေးစွာနဲ့ အိမ်တံခါးမှာရှိတဲ့ ခြေသုတ်ဖျာကိုအသုံးပြုပြီး ခြေထောက်သုတ်လိုက်ဖို့ပြောတာပါ။

ကလေးမလေး Lilly Anne Flores ၊ သူမရဲ့မွေးချင်း၂ယောက်ဖြစ်တဲ့ Kobbi နဲ့ Damaso ၊ အဖေဖြစ်သူ Simon တို့က မင်းသားနှင့်တွေ့ဆုံစဉ်

မင်းသားဟာ Newton Heath စစ်မှုထမ်းဟောင်းရွာကို စစ်ပြန်တွေနဲ့ အမျိုးသမီးတွေအတွက် ဟောပြောဖို့ရောက်ရှိလာတာပါ။ ကလေးမလေးရဲ့ အဖေဖြစ်သူ Simon ကအခုနေထိုင်နေတဲ့အိမ်ကိုပြောင်းလာတာ ၁နှစ်တောင် မပြည့်သေးပါဘူး။ Simon ဟာစစ်တပ်မှာ အမှုထမ်းလာတာ ၁၃နှစ်ရှိပြီး တပ်ကြပ်အဆင့်ရှိသူပါ။ ခရစ်စမတ်မတိုင်ခင် ၁၀ရက်အလိုမှ အီရတ်နိုင်ငံ Basraမြို့မှာ ပေါက်ကွဲဒဏ်ရာရရှိခဲ့ ပါတယ်။ ၂၀၁၃မှာတော့ ကျန်းမာရေးအခြေအနေကြောင့် စစ်တပ်ကထွက်ခွာခွင့်ပြုလိုက်ပါတယ်။

READ
ဇနီးနှစ်ယောက်ကို ဘယ်လိုပျော်ရွှင်အောင်ထားလဲဆိုတာ ထုတ်ဖော်ခဲ့တဲ့ ခင်ပွန်းသည်
Lilly Anne က ဟယ်ရီကို ခြေထောက်သုတ်ရန်ပြောနေစဉ်

မင်းသားဟယ်ရီက အစ်ကိုဖြစ်သူဝီလျံနဲ့အတူ ၂၀၁၅တုန်းက Canada Street မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်နေတုန်း အလည်လာဖြစ်ခဲ့ပါသေးတယ်။ အခုတဖန် လုပ်ငန်းခွင် တိုးတက်မှုကို ပြန်လာကြည့်ခြင်းဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တွင် အီရတ်နိုင်ငံမှ လမ်းဘေးဗုံးကြောင့် ခြေထောက်ပျက်စီးခဲ့ရသည့် စစ်မှုထမ်းဟောင်းကြီးကို တွေ့ရစဉ်
စစ်မှုထမ်းဟောင်းများကို ဟောပြောဖို့ရန် ရောက်ရှိလာသော မင်းသား

Simon က ” မင်းသားနဲ့တွေ့ရတာ တကယ့်ကို အခွင့်ထူးပါ။ တွေ့ရတာ စိတ်လှုပ်ရှားပါတယ်။ တစ်နေ့လုံးလည်း ကျွန်တော် ချွေးတွေပြန်နေတာ။ ကလေးတွေကိုလည်း မင်းသားကို စိတ်ကျေနပ်မှုပေးစေချင်ပါတယ်။ ကလေးတွေကလည်း တော်ပါတယ်။ မင်းသားက ကလေးတွေနဲ့ အတူတူဓာတ်ပုံလည်း ရိုက်သေးတယ်။ သူက ကလေးတွေကို ချစ်တယ်။ ကျွန်တော်တို့ အကြောင်းအရာအတော်များများကိုလည်း ပြောဖြစ်ခဲ့တယ်။”

“ကျွန်တော်က Invictus Gameအတွက် လေ့ကျင့်ရေးဆင်းဖူးတယ်။ လက်မောင်းမှာ ဒဏ်ရာရထားပြီးတော့ ထပ်မသွားတော့ဘူး။ မင်းသားက ကျွန်တော့်ကို လေ့ကျင့်ရေးပြန်ဆင်းဖို့ ပြောတယ်။ ဒါကြောင့် မနက်ဖြန် ပြန်သွားမှာ။ မင်းသားနဲ့တွေ့ရတာ ဂုဏ်ယူပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကိုသူ နားလည်နိုင်မယ်။ သူက စစ်အတွေ့အကြုံတွေကို ကြုံဖူး၊ ခံစားဖူးပြီးပြီလေ။ ကျွန်တော် အရမ်းလေးစားပါတယ်။ မင်းသားက ထက်မြက်တဲ့ လူတစ်ယောက်ပါ။ ”

ကလေးတွေအားလုံးကလည်း မင်းသားနဲ့တွေ့ရတာ နှစ်သက်ပါတယ်လို့ ပြောသွားခဲ့ကြပါတယ်။

လင်းလင်း(Shwemom)


Shwemomမှ နောက်ထပ်စိတ်ဝင်စားစရာသတင်း

ပုရိသတွေကြား ရေပန်းစားနေတဲ့ ထိုင်း-ဂျာမန်ကပြားမလေးရဲ့ ဓာတ်ပုံများစုစည်းမှု

သူမဟာ Jannine Weigel ဆိုတဲ့အမည်နဲ့ အနုပညာတွေ လုပ်နေသူဖြစ်ပါတယ်။ Ploy Chompoo ဟာ သူမရဲ့ Thai Nickname ဖြစ်ပါတယ်။

READ
ကိုယ်အလေးချိန်(၃၆၄)ပေါင်ကနေ (၁)နှစ်အတွင်း ၀ိတ်ချပြခဲ့တဲ့ မက်ဆီဒိုးနီးယား ကျောင်းသား

Ploy Chompoo ဟာ ထိုင်း-ဂျာမန် စပ် လူမျိုး တယောက်ဖြစ်ပြီး Jannie Weigel ဆိုတဲ့ သူ့မရဲ့ You Tube Channel မှာ တင်ထားတဲ့ Cover Songတွေဟာ ကြည့်ရှုသူ ပရိတ်သတ် သန်းတစ်ရာထိ ရရှိ ထားသူ ဖြစ်ပြီး Net idolအဖြစ် ရပ်တည်နေ နိုင်ပါတယ်

  

သူမဟာ Facebook နဲ့ Instagram မှာ Followers ပေါင်းများစွာရရှိထားသူဖြစ်ပါတယ်။

  

 

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE