Mary Kenyon လို့ ခေါ်တဲ့ Artist က တော့ အမေရိကန် ကယ်လီဖိုးနီယားကပါ။သူမက တော့ ခရုခွံ လေးတွေကို လှပတဲ့ အနုပညာလက်ရာ တွေ အဖြစ် ပြောင်းလဲ ပုံဖော်ရင်းနဲ့ နာမည်ကြီးနေပါတယ်။သူမပြောင်းလဲ လိုက်တဲ့ လက်ရာ လေးတွေက တော့ ဆန်းပြားတဲ့ လက်ဝတ်ရတနာ လေးေ တွ အဖြစ် ကို ပြောင်းလဲသွားခဲ့ပါတယ်။သူမကိုယ်တိုင်ကလည်း လက်မှုပညာကို မြတ်နိုးတန် ဖိုး ထားသူ တစ်ယောက်ပါ။ဒီလို စိတ်လေးကိုတော့ အဖေ ဖြစ်သူ ဆီ ကေ န အမွေရ ထားတာ လို့ လည်း Mary Kenyon က ပြောပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားပါတယ်။
View this post on Instagram
သူမရဲ့ အဖေ က တော့ ဆီဆေး ပန်းချီ ဆရာ ပါ။သားအဖ နှစ်ယောက် ပေါင်းပြီး မတူ တဲ့ ဖန်တီးမှု မျိုးစုံကို ဖန်တီး ခဲ့ ကြ ပါတယ်။သူ တို့ ရဲ့ လက်ရာ တွေ ထဲမှာတော့ သားရေ ပေါ်မှာလည်း ပန်းချီ လက်ရာ တွေ ဖန်တီးခဲ့ဖူးပါတယ်။အခု တော့ဖခင် ဖြစ်သူက ကွယ်လွန်သွားပါပြီ။Mary ကေ တာ့ အဖေ့ အမွေ အလုပ်ရုံ လေးကို ဆက်ခံ ခဲ့ပါတယ်။အဲ့ဒီ မှာ ရှိတဲ့ ပစ္စည်း ကိရိယာ တွေ နဲ့ မတူတဲ့ အနုပညာ တွေကို ဖန်တီးမှုတွေကို တီထွင်ကြံ ဆခဲ့ပါတယ်။
View this post on Instagram
“ကျွန်မ နဲ့ အဖေ က အကုန်လုပ်ဖူးတယ်။ကင်းဗက် စ တွေ ပေါ် မှာ လည်း ဆီ ဆေး ရေး ဖူးတယ်။အဖေ ကွယ်လွန် သွား တဲ့ စတူဒီ ယို ကို ကျွန်မက ဆက်ခံတယ်။ပစ္စည်းကိရိယာစုံ၊သားရေ၊ဆေးတွေ၊ကင်းဗက် တွေ. အကုန်ရှိတယ်။ဒါတွေ အကုန် ရှိ နေတော့ ဘယ်လို တီထွင်ရင် ကောင်းမလဲ ဆိုပြီး တွေး ၊ဘယ်လို ဆန်းသစ်တာလုပ်မလဲ စိတ်ကူးမိတယ်..” လို့ Mary က ပြောလာ ပါတယ်။ဒါ ကြောင့်ပဲ ခရုခွံ တွေ ပေါ်မှာ အနုပညာလက်ရာတွေ ကို ဖန်တီး ဖို့ စိတ်ကူး ရခဲ့တာပါ။သူမရဲ့ လက်ရာ တွေကိုတော့ 3D ပုံ စံ ဒီဇိုင်း မျိုးနဲ့ ဖန်တီး ခဲ့ ပြီး အပေါ်မှာ တော့ ကြေးဝါ၊အရောင်စုံတဲ့ ကျောက်တွေ နဲ့ပါ ထပ်ပြီး အလှဆင် ခဲ့ပါတယ်။ပထမဆုံး လက်ရာ ကို တော့ ညီမ ဖြစ်သူကို လက်ဆောင် အဖြစ် ပေးခဲ့ပါတယ်။ညီမ ဖြစ်သူကလည်း အရမ်းကြိုက်ပြီး ဒီလက်ရာ တွေ ကို ဆက်ဖန်တီး ပြီး ရောင်းချ ဖို့ အကြံ ပေးခဲ့ပါတယ်။
View this post on Instagram
ဒီလိုနဲ့ပံ online Etsy Shop ကို လုပ်ဖြစ်ခဲ့ပါတယ်။အစမှာတော့ ရုန်းကန် ရ တာတွေ ရှိ ပေမယ့် ဆယ်စုနှစ် တစ်ခု လောက် အကြာ မှာ တော့ အခု ဆိုရင် သူမရဲ့ လက်ရာ တွေ က နာမည်ကြီး နေပါပြီ။သူမ ပုံဖော် ဖြစ်တာ တွေ ထဲမှာတော့ ဒေါင်းပုံ၊လိပ်ပြာ ပုံ၊ရေသူမ ပုံတွေ များပြီး တခြား အကောင်ပုံတွေ အများကြီးကိုလည်း ဖန်တီး ဖြစ် ပါတယ်။အားပေးသူတွေ က ကြိုက်နှစ်သက် တယ်ဆိုတဲ့ စကားက တော့ သူမ အတွက် အားဆေး တစ်ခွက်ပါလို့ လည်း Mary Kenyon က ပြောခဲ့ပါတယ်။
View this post on Instagram
#SHWEMOM