ချစ်ခြင်းရဲ့ အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတဲ့ ပန်းချီပညာရှင် Puuung ရဲ့ လက်ရာများ

Puuung ဆိုတဲ့ အနုပညာနာမည်နဲ့ ပန်းချီဆရာမလေးတစ်ယောက်ကတော့ တောင်ကိုရီးယားမှာ ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမ ရေးဆွဲဖန်တီးတဲ့ ပန်းချီလက်ရာတွေရဲ့ theme ကတော့ ‘အချစ်’ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကြားက ကြည်နူးဖွယ်ရာ အခိုက်အတန့်လေးတွေကို ရေးဆွဲထားတဲ့ သူမရဲ့ လက်ရာတွေဟာ အချစ်ဆိုတဲ့အရာကို ဆွတ်ပျံ့ကြည်နူးဖွယ် ခံစားမိစေနိုင်ပါတယ်။

“အချစ်ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တဲ့အရာပါ။ ပြီးတော့ ချစ်ခြင်းတရားနဲ့ ပတ်သက်တာတွေကို ကျွန်မတို့ဘဝမှာ နေ့စဉ် ကြုံတွေ့နေကြရတာပါ။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေထဲက အချစ်ရဲ့ အဓိပ္ပာယ်ကို ရှာဖွေပြီး အနုပညာလက်ရာတွေအဖြစ် အသက်သွင်းထားတာပါ” လို့ Puuung က သူမရဲ့ Facebook ပေ့ခ်ျမှာ ရေးသားထားပါတယ်။

kickstarter

သူမရဲ့ အနုပညာကို လှုံ့ဆော်ပေးတဲ့ အရာနဲ့ ပတ်သက်လို့ Bored Panda မီဒီယာရဲ့ အမေးကိုတော့ Puuung က ” အန်နီမေးရှင်းဇာတ်လမ်း The Illusionist ကို ရိုက်ကူးတဲ့ ပြင်သစ် ရုပ်ရှင်ဒါရိုက်တာ Sylvain Chomet ကို ကျွန်မ နှစ်သက်ပါတယ်။ သူ့ရဲ့ လက်ရာတွေက တည်ငြိမ်ပြီး အေးချမ်းတဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။ အထူးသဖြင့် သူသုံးတဲ့ အရောင်လေးတွေကပေါ့” လို့ ဖြေခဲ့ပါတယ်။

READ
အိမ်မှာနေရတာပျင်းလို့ တစ်အိမ်လုံးကို နေရာလပ်မကျန်အောင် ပန်းချီဆွဲခဲ့တဲ့ အမျိုးသမီး
Puuung

တောင်ကိုရီးယားပန်းချီဆရာမလေး Puuung ကတော့ ယခုဆို သူမရဲ့ အင်တာဂရမ်မှာ follower ၅ သိန်းနီးပါးတောင် ရှိနေပါပြီ။ ဆိုးလ်မှာလည်း သူမရဲ့ ပန်းချီပြခန်းတွေ ဖွင့်ထားပါတယ်။ အဲ့ဒီလောက် အောင်မြင်နေတဲ့ သူမရဲ့ နူးညံ့သိမ်မွေ့လှတဲ့ လက်ရာလေးတွေကို ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦးနော်။

Puuung
Puuung
Puuung
Puuung
Puuung
Puuung
Puuung
Puuung
Puuung
Puuung
Puuung
Puuung
Puuung

 

Ref: Bored Panda

SHARE