အူဘာမီယန်းကိုမန်ယူမှပေါင်သန်း(၇၀)နဲ့ခေါ်ယူရန် သဘောတူညီပြီးဟုသတင်းထွက်ပေါ်

မန်ယူအသင်းဟာ အသက်(26)နှစ်အရွယ် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းကို ပြောင်းရွေ့ကြေး ပေါင်သန်း(70)နဲ့
နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ နီးစပ်နေပြီလို့ Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်
မှာတော့ ဒေါ့မွန်မှာ အူဘိမ်းယန်းဟာ ထိပ်သီးဂိုးသွင်းရှင်တစ်ယောက် ဖြစ်နေပြီး 85 ပွဲကစားကာ 45 ဂိုးအထိ သွင်း
ယူထားနိုင်ပါတယ်။

ပြင်သစ်နွယ်ဖွား အူဘာမီယန်းဟာ 2009 ခုနှစ်မှာ ပြင်သစ် ယူ-21 အသင်းမှာ ပါဝင်ကစားခဲ့ပေမယ့်၊ 2012 ခုနှစ်နောက်
ပိုင်းမှာတော့ ဂါဘွန်နိုင်ငံသားအဖြစ် ခံယူလိုက်ပြီး အခုအချိန်ထိ ဂါဘွန်လက်ရွေးစင်အသင်းအတွက် 48 ပွဲကစားကာ
ဂိုး(20) သွင်းယူထားနိုင်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ ရလာဒ်ပိုင်း ရုန်းကန်နေရတဲ့ အသင်းတစ်သင်းဖြစ်ပြီး
အသင်းမှာ အဆင့်မီ ကစားသမား လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

READ
ချစ်စရာငါးမန်းလေးဆိုပြီး အစာကျွေးမိလို့ လက်ကို ငါးမန်းအကိုက်ခံရတဲ့အမျိုးသမီး

ဒါ့အပြင် နည်းပြ ဗန်ဟားရဲ့ ဦးဆောင်မှုအောက်မှာ ကစားကွက်ပိုင်း အားနည်းချက်တွေ ရှိနေခဲ့လို့ လာမယ့်ရာသီမှာ
မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုတွေ ရထားခဲ့ပြီး၊ ဒီနှစ်ရာသီမှာပင် မန်ယူနည်းပြ ဗန်ဂေါ ထုတ်
ပယ်ခံရနိုင်ကြောင်းကိုလည်း ခန့်မှန်းချက်တွေ ထွက်ပေါ်လို့ နေပါတယ်။

Myanmar Online Media

Sports

Ref: dailymail, goal.com

SHARE