ဝမ်းတစ်ခါသွားတာနဲ့ (၂၅)ဒေါ်လာရနိုင်မယ့် အခွင့်အရေးကြီး

Pixabay-chiplanay

အခုအသက်ရှင်လာတဲ့ တောက်လျှောက်မှာ သင်ဘယ်နှစ်ခေါက် အလေးသွားခဲ့ဖူးပြီလဲ။ ဒီသတင်းသာကြားမယ်ဆိုရင်တော့ သင်သွားခဲ့တဲ့ အလေးတွေကို သင်နှမြောမိမှာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ သြစတြေးရီးယားနိုင်ငံက သုတေသနလုပ်ငန်းတစ်ခုဟာ သုတေသနပြုလုပ်ဖို့အတွက် အလေးတစ်ခါသွားတိုင်း အဲဒီအလေးတွေကို ၂၅ ဒေါ်လာနဲ့ ဝယ်နေကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-chiplanay

ဒီသတင်းကို စကြားတဲ့သူတွေကတော့ တကယ်လို့ ထင်ချင်မှ ထင်မှာပါ။ ဒါပေမယ့် ဒီသတင်းက တကယ်ပါ။ သြစတြေးရီးယားနိုင်ငံ တောင်ပိုင်းရှိ သုတေသနလုပ်ငန်းတစ်ခုဟာ သူတို့ ဖွင့်လှစ်ထားတဲ့ Biome Bank မှာ သုတေသန ပြုလုပ်ဖို့အတွက် လူ့မစင်တွေ ကုန်သွားတဲ့အတွက်ကြောင့် အခုလို တရားဝင်ဈေးကွက်တစ်ခု ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။ Biome Bank ဟာ လူသားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ကုသဖို့အတွက် လူ့မစင်တွေကို သုတေသနပြုလုပ်ဖို့ သိုလှောင်ထားတဲ့ နေရာဖြစ်ပါတယ်။

READ
Best Friends Forever (BFF) တို့ရဲ့ ကြည်နူးရယ်မောဖွယ်ရာ အခိုက်အတန့်လေးများ

“ အခုနောက်ပိုင်း မှာ လူတော်တော်များများက အိမ်သာတက်ရင်တော်တော်ကြာလေ့ရှိတယ်။ အဲဒါကြောင့် လူတွေရဲ့ မစင်တွေကို သုတေသနလုပ်ဖို့ လိုလာတယ်။ အခုလက်ရှိ Biome Bank မှာလဲ လူ့မစင်တွေက ကုန်သွားပြီ။ ဒါ့ကြောင့် အခုလို တရားဝင်ဈေးကွက်တစ်ခုကို ဖွင့်လိုက်တာပဲ ဖြစ်ပါတယ်” လို့ အဆိုပါ သုတေသနလုပ်ငန်းမှာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE