Miss Universe 2018 သရဖူဆောင်းသွားနိုင်ခဲ့တဲ့ ဖိလစ်ပိုင် အလှမယ်အကြောင်း

ယခုနှစ် ဘန်ကောက်မြို့မှာ ကျင်းပပြီးစီးသွားတဲ့ Miss Universe 2018 ပြိုင်ပွဲကြီးမှာ မယ်စကြဝဠာ သရဖူ ဆောင်းသွားနိုင်ခဲ့တာကတော့ Miss Philippines, Catriona Magnayon Gray ပဲဖြစ်ပါတယ်။

Facebook

Catriona ကတော့ သြစတေးလျနဲ့ ဖိလစ်ပိုင် စပ်ထားတဲ့ ကပြားမလေးတစ်ယောက်ပါ။ သြစတေးလျမှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် ဖိလစ်ပိုင်လူမျိုးအဖြစ် ခံယူထားတဲ့ သူမကတော့ ဖိလစ်ပိုင် ကိုယ်စားပြု အလှမယ်အဖြစ် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ Instagram မှာလည်း follower တစ်သန်းခွဲလောက် ပိုင်ဆိုင်ထားတဲ့ Catriona ဟာ ဖိလစ်ပိုင်ရဲ့ ဆင်ခြေဖုံး ရပ်ကွက်မှာ အလုပ်လုပ်ရင်း တွေ့ခဲ့ရတဲ့ ကလေးတွေကြောင့် ကလေးသူငယ်တွေအတွက် ပညာရေးကို ပံ့ပိုးဖို့ ရည်ရွယ်ချက်တွေ အဓိက ရှိလာခဲ့သူပါ။

Instagram

“ကျွန်မ မယ်စကြာဝဠာတစ်ယောက်အနေနဲ့ ကလေးတွေအတွက် ပညာရေးကို ပံ့ပိုးမှုတွေ လုပ်ပေးချင်ပါတယ်။ ကလေးတွေကိုသာ ပညာတတ်သွားအောင် လုပ်ပေးနိုင်မယ်ဆိုရင် ကမ္ဘာကြီးပေါ်မှာလည်း မကောင်းတာတွေ လျော့ကျသွားမှာပါ” လို့ သူမက ပြောခဲ့ပါတယ်။ Miss Universe Top 5 မှာတော့ ဒုတိယနေရာမှာ တောင်အာဖရိက အလှမယ် Tamaryn Green၊ တတိယနေရာမှာ ဗင်နီဇွဲလား အလှမယ် Sthefany Gutierrez တို့ ရှိခဲ့ပါတယ်။

READ
ရုပ်ရှင်ပရိသတ်တွေ ရွေးချယ်ပေးထားတဲ့ The Rock ရဲ့ အကောင်းဆုံး ဇာတ်ကား(၅)ကား
Facebook

Catriona ဟာဆိုရင် ကမ္ဘာနဲ့ချီတဲ့ အလှမယ်ဘွဲ့ကို အခုလို ရရှိတာဟာဆိုရင် ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းကတည်း ဖိလစ်ပိုင်နိုင်ငံရဲ့ Miss World ဘွဲ့ကို ရရှိပြီးဖြစ်ပါတယ်။ ကမ္ဘာနဲ့ချီတဲ့ ပြိုင်ပွဲမှာတော့ Top 5 အဆင့်အထိ ပါဝင်ခဲ့ပါတယ်။

Catriona ဟာ ဖိလစ်ပိုင်နိုင်ငံမှတော့ာ Miss Universe ရော Miss World ပါ ရရှိထားတဲ့ ပထမဆုံးအလှမယ်ပါ။ သူမဟာ မယ်စကြာဝဠာပြိုင်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ခင်မှာလည်း သီချင်းဗီဒီယိုတစ်ပုဒ် သီဆိုရိုက်ကူးခဲ့ပါတယ်။ ‘We’re in This Together’ လို့ အမည်ရတဲ့ ထိုသီချင်းဟာဆိုရင်လည်း မနီလာမြို့က နွမ်းပါးတဲ့ ကလေးတွေအတွက် လူ့အခွင့်အရေးနဲ့ ပညာသင်ခွင့် ရှိသင့်တဲ့အကြောင်းကို ရေးဖွဲ့ထားတာပါ။

Facebook

“ဘာကြောင့် ပညာရေးကို အဓိက ပံ့ပိုးသင့်လဲ ဟုတ်လား.. သူတို့လေးတွေကို အစားအစာပေးလိုက်ရင် နောက်နေ့ ပြန်ဆာလောင်မှာပဲ။ ဆေးဝါး ပေးလိုက်ရင် ထပ်ပြီး ထိခိုက်ဒဏ်ရာရနိုင်တာပဲ။ ပညာတတ်သွားရင်တော့ သူတို့ တစ်ဘဝလုံးစာ လုံခြုံသွားပြီ” Catriona က CNN Philippines နဲ့ အင်တာဗျူးမှာ ပြောခဲ့တဲ့ စကားလေးပါ။ သူမဟာ ကလေးသူငယ် ပညာရေးအပြင် HIV/AIDS အသိပညာပေး ကမ်ပိန်တွေပါ ဆောင်ရွက်လေ့ရှိသူတစ်ဦးပါ။

READ
တတိယနှစ်ကျောင်းသူကြီး ဖြစ်သွားပြီဆိုတဲ့ ယွန်းယွန်း
Facebook

လက်ရှိမှာတော့ Catriona က ဖိလစ်ပိုင်-ဂျာမန်ကပြား Clint Bondad နဲ့ တွဲလျက်ရှိပါတယ်။ သူမ အလေးစားဆုံး ပုဂ္ဂိုလ်တွေကတော့ ဘရော့ဒ်ဝေး စတား Lea Salonga၊ ဖက်ရှင် ဘလော့ဂါ Kim Jones နဲ့ ဖိလစ်ပိုင်-ပြင်သစ် ကပြား မင်းသမီး Solen Heussaff တို့ ဖြစ်ပါတယ်တဲ့။ Catriona ရဲ့ ပြိုင်ပွဲတုန်းက ပုံရိပ်လေးတွေနဲ့ သူမရဲ့ Instagram အကောင့်က ပုံလေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်။

Facebook

 

Ref: Dailymail, Miss Universe Facebook

SHARE