ခွေးကို အထီးကျန်မှာစိုးလို့ဆိုပြီး အလုပ်သွားတိုင်းခေါ်သွားလေ့ရှိတဲ့ သုံးဘီးဆရာ

facebook/manjiriprabhu

ခွေးတစ်ကောင်ကိုစောင့်ရှောက်ရတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အထူးသဖြင့် ခွေးကငယ်သေးတဲ့အချိန်မှာပါ။ ခွေးတွေဟာ လူတွေရဲ့အာရုံစိုက်မှုကိုလိုအပ်ပါတယ်။ သူတို့ကို တစ်ကောင်တည်းအထီးကျန်စွာထားရင် ခွေးတွေဟာ သောကရောက်တတ်ကြပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံ ပူနေးမြို့က သုံးဘီးဆရာတစ်ဦးကတော့ သူ့ခွေးလေးကိုအိမ်မှာတစ်ကောင်တည်းထားရင် အထီးကျန်မှာစိုးလို့ဆိုပြီး နေ့တိုင်း သူ့အလုပ်ကို ခွေးပါခေါ်လာလေ့ရှိကြောင်း storypick သတင်းအရ သိရပါတယ်။

facebook/manjiriprabhu

သုံးဘီးဆရာနာမည်ကတော့ Harvinder Singh ဖြစ်ပါတယ်။ Singh ရဲ့သုံးဘီးကိုစီးနင်းဖူးတဲ့သူတစ်ဦးကတော့ “ကျွန်မနဲ့ ကျွန်မညီမတို့ သုံးဘီးတစ်စီးငှားစီးခဲ့ပါတယ်။ ဆင်းရမယ့်နေရာလည်းရောက်ရော သုံးဘီးပေါ်ကဆင်းပြီး သုံးဘီးဆရာကိုပိုက်ဆံပေးဖို့လှည့်လိုက်တယ်။ အဲ့ဒီမှာ အညိုရောင်မျက်လုံးလှလှလေးတွေနဲ့ စိုက်ကြည့်နေတဲ့ခွေးလေးတစ်ကောင်ကို တွေ့လိုက်ရတယ်။ သုံးဘီးဆရာဘေးမှာ ထိုင်ပြီး ကျွန်မကိုစူးစမ်းသလိုကြည့်နေတာ။ ခွေးလေးက သေးသေးလေး လည်ပတ်ကြိုးလေးနဲ့ပါ။” လို့ပြောပြပါတယ်။

Today I met a Santa in real life..

My sister Leena and I took an auto rickshaw and when we reached our destination, I…

Posted by Manjiri Prabhu on Friday, 25 December 2020

ခွေးလေးရဲ့အမည်ကတော့ Ronnie ဖြစ်ပါတယ်။ Ronnie က သုံးဘီးလာစီးတဲ့ခရီးသည်တွေအနေနဲ့ သုံးဘီးထဲ သူပါလို့ပါမှန်းမသိရအောင် ဘာအသံမှမပေးပါဘူး။ သူဟာ တိတ်ဆိတ်စွာနဲ့ သူ့နေရာလေးမှာပဲ ထိုင်နေတာဖြစ်ပါတယ်။ သုံးဘီးဆရာ Singh ကတော့ Ronnie ကိုအိမ်ခေါ်လာသူက သူ့ရဲ့သားလေးဖြစ်ကြောင်းနဲ့ သူ သုံးဘီးထွက်မောင်းတဲ့အချိန်မှာ ခွေးလေးကို စောင့်ရှောက်ပေးနိုင်မယ့်သူ တစ်ယောက်မှမရှိတာကြောင့် ခေါ်လာရကြောင်း ပြောပြပါတယ်။ Singh ဟာ Ronnie အတွက် အစာတွေနဲ့ရေကိုလည်း ကားထဲမှာထည့်သယ်လာလေ့ရှိပါတယ်။

READ
အတန်းအ၀င် နှုတ်ဆက်တာကအစ ကလေးရွေးချယ်မှုကိုတန်ဖိုးထားတဲ့ မူကြိုဆရာမ

တွေ့ရမှာကတော့ Singh နဲ့ Roonie တို့ရဲ့အလုပ်ခွင်ပုံရိပ်လေးဖြစ်ပါတယ်။ အွန်လိုင်းက စာဖတ်ပရိသတ်တွေကတော့ Singh ရဲ့အပြုအမူကိုချီးမွမ်းနေကြပါတယ်။ ခွေးလေးတွေဟာ အဖော်လိုအပ်ပါတယ်။ လူတွေဆီက အချစ်ခံရဖို့လည်း လိုအပ်ပါတယ်။ နှလုံးသားကို နေရာမှန်မှာထားတဲ့အခါ အရာအားလုံးအတွက် အဖြေရှိနေတယ်ဆိုတဲ့အကြောင်း Singh နဲ့ Roonie တို့က သက်သေပြခဲ့ကြတာဖြစ်ပါတယ်။

ShweMom

SHARE