ဝက်ခြံပေါက်ရတဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်နော်။ အစားအသောက်မမှန်ခြင်း ၊ အအိပ်မမှန်ခြင်း ၊ စိတ်ဖိစီးမှုများခြင်း အစရှိတဲ့အကြောင်းတွေကြောင့် ၀က်ခြံပေါက်တတ်ပါတယ်။ နေထိုင်ပုံမမှန်ပြန်ရင်လည်း ၀က်ခြံပေါက်တတ်ပါတယ်။ အပူ အစပ် အစားအစာ နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပေးပါရမယ်လို့ Dr Pimple Popper ( youtube မှာ နာမည်ကြီးနေတဲ့ ဆရာဝန်) Dr Sandra Lee က ဆိုပါတယ်။
နို့ထွက်ပစ္စည်း
နို့ထွက်ပစ္စည်းရှောင်ရမယ်ဆိုပေမယ့် အကုန်လုံးကိုပြောတာမဟုတ်ပါဘူး။ ဟောမုန်းကိုမြင့်စေတဲ့ နို့ထွက်ပစ္စည်းကိုပဲ ရှောင်ပေးရမှာဖြစ်ပါတယ်။ နို့ဖြင့်ပြုလုပ်ထားတဲ့၊ နို့ထွက်ပစ္စည်းတစ်ခုဖြစ်တဲ့ ချိစ် ကိုရှောင်ရမှာပဲဖြစ်ပါတယ်။ အစားအစာ ကြောင့် ၀က်ခြံထွက်ရတယ် ဆိုပေမယ့် အစားအစာအကုန်လုံးကို ဆိုလိုချင်တာမဟုတ်ပါဘူး။ ဟော်မုန်းဓာတ်ကို မြင့်စေတဲ့ အစားအသောက်ကိုပဲ ပြောတာပါ။
ဥပမာ- အဆီများတဲ့ အစားအစာ ၊ ဆီကြော်မုန့်တွေကို စားရင် မျက်နှာ အသားအရေရဲ့ အဆီကို ပိုတိုးသွားစေနိုင်တယ်။ အဲ့လိုပဲ ဟော်မုန်းကိုမြင့်စေတဲ့ နွားနို့နဲ့ ချိစ်တို့များများစားရင် ၀က်ခြံထွက်လာနိုင်စေတယ်။ချောကလက်ကို အလွန်အကျူး စားပြီးရင် ၀က်ခြံထွက်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချောကလတ်မှာ နို့ထွက်ပစ္စည်းနဲ့ သကြားတွေပါနေလို့ပဲဖြစ်ပါတယ်။ ဟော်မုန်းကို အတတ်အကျဖြစ်လာပြီး အသားရေကိုလည်း ပျက်ဆီးစေပါတယ်။
ဝက်ခြံအတွက် ဆောင်ရန်၊ ရှောင်ရန် အချက် (၅)ချက်
၁။ ၀က်ခြံကိုညှစ်ထုတ်ရမည့်နေရာမှာ အဓိက အရေးကြီးတာက ပတ်ဝန်းကျင်၊ ၀က်ခြံညှစ်ရမယ့် ပစ္စည်းနဲ့ လက်က သန့်နေပါစေ။
၂။ မျက်နှာမှာ ၀က်ခြံပေါက်နေရင် မျက်နှာမသစ်ခင် ရေငွေ့ခံပေးပါ။ခန္ဓာကိုယ့်မှာ ပေါက်နေရင် ရေနွေးပူလေးနဲ့ ရေချိုးပေးပါ။
၃။ ၀က်ခြံ အဆံမှည့်တာနဲ့ ညှစ်ပေးပါ။ ဒီအတိုင်း ထားလိုက်ရင် မြုံသွားတတ်ပါတယ်။ လက်နဲ့ ညှစ်မယ်ဆိုရင် လက်ကို လက်ရေးဆေး၊ အရက်ပြန့်နဲ့ သန့်ရှင်းပြီးမှ ညှစ်ပေးပါ။
၎။ ၀က်ခြံ အဆံမှည့်မှ ညှစ်ပေးပါနော်။ အဆံမမှည့်သေးဘဲ သွားညှစ်မိလိုက်ရင် အနာဖြစ်တတ်ပါတယ်။ မလိုအပ်ပဲနဲ့ လက်ဖြင့် သွားကိုင်ခြင်းကို ရှောင်ပေးပါ။
၅။ ၀က်ခြံကို ညှစ်ပြီးရင်တော့ လိုအပ်တဲ့ ဆေးလေးလိမ်းပေးပါ။ ဥပမာ – corticosteroid ၊ antibiotic (ဒါမှမဟုတ်) ၀က်ခြံပျောက်ဆေးတို့ကို လိမ်းပေးပါ။
Hannwe Soe (Shwemom)