အွန်လိုင်းပေါ်မှာ ပညာရပ်တွေကို အခမဲ့လေ့လာသင်ယူနိုင်တဲ့ နေရာများ

အင်တာနက်ဆိုတာကတော့ လူတွေ အတွက် သုံးတတ်ရင် တကယ့်ကို အကျိုးရှိစေတဲ့ အရာတစ်ခုပါ။တစ်ချို့က အွန်လိုင်းဆိုတာနဲ့ အရင်ဆုံးပြေးမြင်မိတဲ့ ရာတွေက Facebook တို့လို ဆိုရှယ်မီဒီယာတွေပါ။ဆိုရှယ်မီဒီယာတွေ ပေါ် မှာလည်း ယူတတ်ရင် အကျိုးရှိတဲ့ အရာတွေ အများကြီးပါ။အွန်လိုင်းပေါ်မှာဘယ်နေရာတွေ ကနေ ပညာရပ်တွေကို အလွယ်တကူ Free လေ့လာသင် ယူလို့ရသလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

1. Coursera

Coursera

ဒီမှာဆိုရင်တော့  college courses တွေကိုပါ အကုန်လေ့လာသင်ယူလို့ရပါတယ်။ဒီမှာဆိုရင်တော့ Log in /Sign up လုပ်ပေးဖို့တော့လိုပါတယ်။ပြီးရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဘာသာရပ်ကို စိတ်ကြိုက် ရွေး ချယ်ပြီး သင်ယူနို င်ပါတယ်။သူ့မှာဆိုရင် သင်တန်းဘာသာရပ်ပေါင်း( 400 ) နီးပါရှိပါတယ်။သူ့မှာဆိုရင် online quiz ၊ဗီဒီယိုဖိုင်တွေ… တို့လို သင်ထောက်ကူ အရာတွေလည်းရှိပါတယ်။သင်တန်းတွေကို professor တစ်ယောက်ကနေ စောင့် ကြည့် ပေး နေတာပါ။

READ
အလုပ်ခွင်မှာအလုပ်တွေပိုပြီးဖို့ ကူညီနိုင်မည့်အချက်များ

(2) Khan Academy

khanacademy

Khan Academy ကတော့ ဗီဒီယိုနဲ့ ဘာသာရပ်တွေကို ရှင်းလင်းပေးတာပါ။ Khan Academy  ကတော့  တကယ့်ကို လေ့လာသင်ယူလို့ကောင်းတဲ့နေရာတစ်ခုပါ။ဒါ့အပြင် တစ်ခုနဲ့ တစ်ခု Section သေးသေး လေးတွေ အဖြစ် ထားပေးထားတာကြောင့် ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို အေးအေးဆေးဆေး လေ့လာ သင်ယူနိုင်ပါတယ်။ ပို ပြီး သိချင်တဲ့ အကြောင်းအရာတွေရှိရင် ပိုပြီး ရှင်းရှင်းလင်းလင်းသိရအောင် မေးခွန်းတွေ မေးလို့ရပါတယ်။

(3) OpenCourseWare

OpenCourseWare

OpenCourseWare ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူ အတွက် လေ့လာ သင်ယူစရာ နေရာ ကြီးတစ်ခုပါ။ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို စိတ်ကြိုက်ရွေးချယ်လေ့လာသင်ယူ နိုင်ပါတယ်။ အဲ့ဒီမှာဆိုရင် ဘာသာ စကား (၂၀)နဲ့ ရှာဖွေလို့ရပါတယ်။

READ
အလုပ်မှာလစာတိုးချင်ရင်..ရာထူးတိုးချင်ရင် Facebook ပေါ် မတင်သင့်တဲ့အရာများ

(4) ALISON

alison

စဖွင့်လိုက်ပြီဆိုတာနဲ့ ကိုယ်က ဘယ်သာရပ်ကို သင်ယူချင်တာလဲ..? သင်ယူချင်တဲ့ ဘာသာရပ်ကို Search ဆိုတဲ့ နေရာ မှာ အလွယ်တကူလိုက်ရှာလိုက်ရုံပါပဲ။သူ့မှာဆိုရင် ဘာသာရပ်တွေက အများကြီးမို့ ကိုယ့်စိတ်ကြိုက် ဘာသာ ရပ်ကို အလွယ်တကူလေ့လာသင်ယူနိုင်ပါတယ်။

(5)MIT Opencoursewarel

MIT Opencoursewarel

Massachusetts Institute of Technology တို့ကို ကျောင်းကြီးကြီးကို တက်ချင်တယ်ဆိုရင်တော့ အိမ်မှာ နေရင်း နဲ့ ဒီအွန်လိုင်း Course ကို Join  ပါလို့ ပြောချင်ပါတယ်။သူ့မှာဆိုရင်လည်း စုံလင်တဲ့ သင်တန်း အမျိုးအစား ပေါင်း များစွာရှိပါတယ်။အဲ့အထဲကမှ ကိုယ်ကြိုက်တာကို ရွေးချယ်ပြီးသင်ယူနိုင်ပါတယ်။course calendar, readings, assignments ၊ study materials …တို့လို အရာတွေကို လေ့လာသင်ယူနိုင်ပါတယ်။course materials တွေကိုတော့ Download လုပ်ယူလို့ရပါတယ်။

Source lifehack

SHARE