ကားသော့ကို ကိုယ်တိုင် အဖွင့်အပိတ် လုပ်နိုင်တဲ့အထိ ပါးနပ်လွန်းတဲ့ လူလည်လေး

အွန်လိုင်းပေါ်မှာ ကားတစ်စီးထဲ ကားသော့နဲ့အတူ ပိတ်မိနေခဲ့တဲ့ ကလေးတစ်ယောက်ဟာ ကားသော့ကို သူ့ဘာသာသူဖွင့်ပြီး အပြင်ပြန် ထွက်နိုင်ခဲ့တဲ့ ဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ ဗီဒီယိုထဲမှာတော့ ကလေးငယ်လေးတစ်ဦးဟာ ကားထဲမှာ ကားသော့နဲ့ အတူ ပိတ်မိနေတာကို တွေ့ရပါတယ်။ ကလေးငယ်ဟာ ဘယ်ပုံဘယ်နည်းနဲ့ ကားထဲမှာ တစ်ဦးတည်း ကျန်ပြီး လော့ခ်ကျနေမှန်း မသိပါဘူး။ မကြာခင်မှာပဲ ကလေးငယ်ရဲ့ အခြေအနေကို မြင်တွေ့သွားတဲ့ သူတွေဟာ တဖြည်းဖြည်းများလာပြီး ကားနားမှာ လူတွေဟာ စုရုံးပြီး ၀ိုင်းနေကြပါတယ်။

http://en.goodtimes.my

ကားသော့ကလည်း ကားထဲမှာ ဖြစ်နေတာကြောင့် ကလေးငယ်ကို အပြင်ထုတ်နိုင်အောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး လူတွေက စိတ်ပူနေကြပါတယ်။ ဒါပေမယ့် ကလေးငယ်ကို ကြည့်လိုက်တော့ အေးအေးဆေးဆေးပါပဲ။ ၀ိုင်းပြီး ကြည့်နေတဲ့သူတွေက ကလေးငယ်ကို ကားသော့ဆီ ညွှန်ပြီး အယူခိုင်းလိုက်ပါတယ်။ ကလေးကလည်း တကယ့်ကို အေးဆေးလှတဲ့ လူလည်ကောင်လေးပါ။ လူကြီးတွေက ပြောစကားကို ဂရုတစိုက်နဲ့ သေချာနားထောင်ပြီး သော့ကို စူးစမ်းနေတာကို တွေ့ရမှာပါ။

READ
MMA ပြိုင်ပွဲမှာ ပွဲစဉ်အတွင်း မစင်မထိန်းနိုင်တဲ့ ဖိုက်တာမမ ဒိုင်ပွဲရပ်ဖြင့်ရှုံးနိမ့်
http://en.goodtimes.my

ကလေးတစ်ယောက်အနေနဲ့ အပြင်ကလူတွေ ပြောသမျှကို နားလည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ဒီကလေးကတော့ သော့ကို စူးစမ်းပြီး မကြာခင်မှာပဲ ကားသော့ခလုတ်တွေကို လျှောက်နှိပ်ရာကနေ ကံကောင်းထောက်မစွာ ကားတံခါးမှာ သော့ပွင့်သွားခဲ့ပါတယ်။ အောက်မှာတော့ ဗီဒီယိုလေး ထည့်ပေးထားပါတယ်။ ပြဿနာနဲ့ ကြုံနေရတာတောင် အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့တဲ့ ကလေးငယ်လေးရဲ့ ဥာဏ်စွမ်းဥာဏ်စကို တအံ့တသြ တွေ့ကြရမှာပါ။

လင်းလင်း (ShweMom)

Ref: goodtimes

SHARE