ခွေးလေး အိမ်ထဲဝင်နိုင်ဖို့ မှန်တံခါးကိုဖွင့်ပေးတဲ့ ကလေးငယ်လေးရဲ့ ချစ်စဖွယ်အပြုအမူ

လက်တလော လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေတဲ့ ဗီဒီယိုဖိုင်ကလေးကတော့ လသားအရွယ်သာရှိသေးတဲ့ ကလေးငယ်လေးက အိမ်ထဲကို ဝင်ချင်တဲ့ ခွေးပေါက်စလေးကို မှန်တံခါးဖွင့်ပေးတဲ့ ဗွီဒီယိုဖိုင်လေး ဖြစ်ပါတယ်။ ခွေးလေးကလည်း အရွယ်အားဖြင့် တော်တော်လေးငယ်သေးပြီး တစ်လသားနှစ်လသား ဝန်းကျင်လောက်ပဲ ရှိပါလိမ့်မယ်။

1
2

ခွေးလေးနာမည်ကိုတော့ ပိုင်ရှင်တွေက George လို့ မှည့်ခေါ်ထားပါတယ်။ သူတို့ရဲ့ သားလေး Murphy ဟာ မှန်တံခါးဘောင်ဘေးက တံခါးမိန်းဂျက်ကို ဖွင့်ပေးလိုက်တာကို တွေ့ရပြီး၊ ခွေးလေးကလည်း အထဲကို လွယ်ကူစွာ ဝင်ရောက်လာတာကို တွေ့ရပါတယ်။

Murphy နဲ့ခွေးလေးဟာ အလွန်ရင်းနီးကြပြီး သူ့ကို တံခါးဖွင့်ပေးတဲ့ Murphy ကို ခွေးလေးက လျှာနဲ့လှမ်းလျက်လိုက်တာကို တွေ့လိုက်ရပါတယ်။ ဒီဗွီဒီယိုဟာ သြစတေးလျနိုင်ငံ Darwin မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Murphy ရဲ့မိခင်က လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေခဲ့တာပါ။ Murphy ရဲ့ မိဘတွေအမည်နာမကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE